ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

ဂါမဏိ | ဧရာဝတီမြစ်ဝှမ်းဟာ ကချင်ပြည်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း အနောက်ခြမ်း၊ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းတို့ကို လွှမ်းခြုံနေပြီး မြန်မာနိုင်ငံဧရိယာ စတုရန်းမိုင် (၂၆၁၂၂၈) တခုလုံးရဲ့ ၆၁% ကျယ်ဝန်းပါတယ်။ ဧရာဝတီတိုင်းက ကရင်၊ ဗမာ၊ မွန် နဲ့ ရခိုင် ၈ သန်းနီးပါး၊ ရန်ကုန်တိုင်းက လူမျိုးစုံ ၆ သန်း၊ ပဲခူးတိုင်းအနောက်ခြမ်းက ကရင်၊ ဗမာ နဲ့ မြေပြန့်ချင်း ၂.၅ သန်း၊ မကွေးတိုင်းက ဗမာ နဲ့ မြေပြန့်ချင်း ၄ သန်း၊ မန္တလေးတိုင်းက ဗမာ နဲ့ ရှမ်း ၅ သန်း၊ စစ်ကိုင်းတိုင်းက ဗမာ နဲ့ ရှမ်းနီ ၄ သန်း၊ ကချင်ပြည်က ကချင်နဲ့ ရှမ်းနီ ၁ သန်းနီးပါး၊ စုစုပေါင်း သန်း ၃၀ ကျော်ဟာ ဧရာဝတီကို မှီခိုနေရပါတယ်။ ဒါဟာ တနိုင်ငံလုံးလူဦးရေစုစုပေါင်း ၅၇ သန်း (၂၀၀၈ ခု ခန့်မှန်းချက်) ရဲ့ ၅၄ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးအနေနဲ့ဆိုရင် တနိုင်ငံလုံးရဲ့အထွက် ၇၀% အထိ အဓိကကျနိုင်ပါတယ်။


မြန်မာနိုင်ငံလို့ ဒီကနေ့ခေါ်နေကြတဲ့ ဧရိယာအတွင်းမှာ လွန်ခဲ့တဲ့နှစ်သန်း ၃၀ လောက်က စပေါ်ထွန်းခဲ့တဲ့ ဧရာဝတီကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ ကျော်ကစပြီး စိုက်ပျိုးရေးကနေ သယ်ယူ ပို့ဆောင်ရေးနဲ့ သောက်ရေသုံးရေအထိ မှီခိုအား ထားခဲ့ကြပါတယ်။ ဧရာဝတီဟာ ကမ္ဘာမှာ ပဉ္စမမြောက် နုံးတင်မြေနု အဖြစ်ထွန်းဆုံး မြစ်ဝကျွန်းပေါ်ဒေသကိုလဲ ပေါ်ထွက်စေခဲ့ပါတယ်။ ဧရာဝတီကြောင့် တကောင်း၊ မိုးကောင်း၊ မိုးညှင်း၊ ဟန်လင်း၊ အင်းဝ၊ မန္တလေး၊ ပုဂံ၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ပုသိမ်၊ မြောင်းမြ၊ တွံတေး၊ ဒလ၊ ဒဂုံ စတဲ့ ရှမ်း၊ ဗမာ၊ ပျူ၊ မွန် မြို့ပြယဉ်ကျေးမှုတွေ ထွန်းကားခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ကျိုးရှာစစ်အာဏာရှင်အစိုးရ အဆက်ဆက်လက်အောက်မှာ ဧရာဝတီကို နင်းချေပစ်ခဲ့လို့ ဧရာဝတီရဲ့ ကျန်းမာရေးဟာ တစတစနဲ့ ယိုယွင်းကျဆင်း လာခဲ့ရပါတယ်။

အဲဒီအခြေအနေကို ကမ္ဘာကြီးပူနွေးလာမှု ကပ်ကြီးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အလွန်စိုးရိမ်စရာ ကောင်းတဲ့ အနေအထား ရောက်လာပါတော့တယ်။ ပြီးခဲ့တဲ့ နှစ်ကာလတွေအတွင်းမှာ နွေရာသီတွေဆို ဧရာဝတီဟာ သင်္ဘောသွားလို့ ရနိုင်ပါ့မလားလို့တောင် စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။

ရေအနက် လူတရပ်တောင် မရှိတာတွေ ဖြစ်လာတယ်၊ ဒါ့အပြင် မြစ်အတွင်း ရေ နည်းလာတာတွေဟာလည်း ပိုများ ပိုရှည်ကြာလာ၊ သောင်တွေက ပိုကျယ်ပြော ပိုများပြား ပိုခိုင်မာလာပါတယ်။ အခုဆိုရင် ဧရာဝတီထဲက ငါးဖမ်းရတာတွေဟာ တနှစ်ကို ၃၅% ကျဆင်းနေပါပြီ။


ဒါပေမဲ့ အခုတော့ စိုးရိမ်စရာအခြေအနေကနေ အသည်းအသန် အခြေအနေကို ရောက်လာပါပြီ။ အဲဒါကတော့ ဧရာဝတီ မြစ်ရဲ့ အဖျားပိုင်း သို့မဟုတ် ရေဝေဒေသတွေမှာ လျှပ်စစ် ရေကာတာကြီး ၁၂ ခုထက် မနည်း တည်ဆောက်ဖို့ တရုတ်နိုင်ငံကို ရောင်း စားလိုက်တာကြောင့် ဖြစ်ပါတယ်။

ဧရာဝတီရဲ့ရေတွေကို တရုတ်နိုင်ငံအား ရောင်းစားလိုက်တဲ့ ရေအားလျှပ်စစ်ထုတ် ရေကာတာတွေကတော့ --

(၁) ဧရာဝတီမြစ်ပေါ်မှာ မြစ်ကြီးနားမြောက်ဖက် မိုင် ၂၀ အကွာက မြစ်ဆုံရေကာတာဟာ မီဂါဝပ် ၆၀၀၀ (တနှစ်ကို ဒေါ်လာ သန်း ၅၀၀ နဲ့ ရောင်းစားထားတာ ဖြစ်ပါတယ်)

(၂) ဧရာဝတီရဲ့မြစ်ဖျားတခုဖြစ်တဲ့ မလိခမြစ်ပေါ်မှာ တည်မယ့် လိုင်ဇာရေကာတာက မီဂါဝပ် ၁၉၀၀

(၃) (ဧရာဝတီရဲ့ နောက်မြစ်ဖျားဖြစ်တဲ့ မေခမြစ်ပေါ်မှာ ရေကာတာကြီး ၅ ခု ထပ်မံ တည်ဆောက်မှာ ဖြစ်ပါတယ်။) တောင်ဖက်အကျဆုံး ချီဖွေ ရေကာတာက မီဂါဝပ် ၃၄၀၀

(၄) ပါရှီး (ခေါ်) ဝူဆောက် ရေကာတာက မီဂါဝပ် ၁၈၀၀

(၅) လာကင် (ခေါ်) ယီနန် ရေကာတာက မီဂါဝပ် ၁၄၀၀

(၆) ဖီဇော ရေကာတာက မီဂါဝပ် ၂၀၀၀

(၇) မြောက်ဖက်အကျဆုံး ခေါင်လန်ဖူး ရေကာတာက မီဂါဝပ် ၂၇၀၀

(၈) (ဧရာဝတီမြစ်ဖျားခံရာ မဟုတ်ပေမဲ့ မြစ်ညာအထက်ပိုင်းမှာ ဧရာဝတီထဲ စီးဝင်တဲ့ တာပိန်မြစ် ပေါ်မှာလဲ ရေကာတာ ၂ ခု နဲ့ ပိတ်မှာဖြစ်ပါတယ်။) တာပိန်-၁ ရေကာတာက မီဂါဝပ် ၂၄၀

(၉) တာပိန်-၂ ရေကာတာက မီဂါဝပ် ၁၆၈

(၁၀) (မြစ်ညာအထက်ပိုင်းမှာဘဲ ဧရာဝတီထဲ စီးဝင်တဲ့ ရှမ်းပြည် နယ်မြောက်ပိုင်း ရွှေလီမြစ်ပေါ်မှာလဲ ရေကာတာကြီး ၃ ခုနဲ့ ပိတ်မှာ ဖြစ်ပါတယ်။) ရွှေလီ-၁ ရေကာတာဟာ မီဂါဝပ် ၆၀၀ (တရုတ်နိုင်ငံကို တင်ပို့နေပြီဖြစ်ပါတယ်။)

(၁၁) ရွှေလီ-၂ ရေကာတာက မီဂါဝပ် ၄၆၀

(၁၂) ရွှေလီ-၃ ရေကာတာက မီဂါဝပ် ၃၆၀

ဒါ့အပြင် ဧရာဝတီ အောက်ပိုင်းအတွက် အဓိက ရေဝေဖြစ်တဲ့ ချင်းတွင်း မြစ်ပေါ်မှာလဲ ရေကာတာကြီး ၅ ခု တည်ဆောက်မှာ ဖြစ်ပါတယ်။

ဒါတွေကတော့ စစ်ကိုင်းတိုင်းထဲမှာရှိပြီး အိန္ဒိယနိုင်ငံကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရောင်းချပေးဖို့ ရည်ရွယ် ထားပါတယ်။ ဒီရေကာတာတွေရဲ့ ပမာဏတွေကတော့ --

(၁၃) ထမံသီ ရေကာတာက မီဂါဝပ် ၁၂၀၀

(၁၄) ရွှေစာရေး ရေကာတာက မီဂါဝပ် ၆၆၀

(၁၅) မော်လိုက် ရေကာတာက မီဂါဝပ် ၄၀၀

(၁၆) ဟုမ္မလင်း ရေကာတာက မီဂါဝပ် ၁၅၀

(၁၇) ချင်းတွင်းရဲ့မြစ်လက်တက်ပေါ်က မဏိပူရ ရေကာတာက မီဂါဝပ် ၃၈၀


အပိုင်း (၂) ကို ဆက်လက် ဖေါ်ပြသွားပါမည်။


source by : http://photayokeking.org

0 comments: