DKBA တဦး ဗုံးကိုင်ပြီး မဲဆောက်တွင် ဆန္ဒပြ


ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ ရုံး (UN ရုံး) ရှေ့တွင် ဗုံးကိုင်ထားသည့် DKBA တပ်ဖွဲ့ဝင်က ဆိုင်ကယ် တက္ကစီ မောင်းသူကိုလည်း ဓားစာခံအဖြစ် အဖော် ခေါ်ပြီး ထိုင်ကာ ဆန္ဒပြခဲ့သည်။
ယနေ့  နံနက် ၇း၂၅ နာရီကျော်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ UN ရုံးတွင် ဆန္ဒပြမှု တခု ဖြစ်ပွါးခဲ့သည်။ မြန်မာ့ နိုင်ငံရေးတွင် ထူးခြားသည့် ဖြစ်စဉ် တရပ် ဖြစ်သကဲ့သို့ ပြောင်မြောက်သည့် လုပ်ရပ် ဖြစ်သည်။

ဆန္ဒပြသူ၏ အမည်မှာ စောသံမဏိ ဖြစ်သည်။ အသက် ၃၅ နှစ်လောက် ခန့်မှန်း မိပါသည်။ ဆန္ဒပြ ရသည့် အကြောင်းရင်းမှာ နယ်ခြားစောင့် တပ် (BGF) အဖြစ် အတင်း စေခိုင်း ခံရသည့် ကိစ္စများ အပေါ် မကျေနပ် သလို ၂၀၁၀ ရွေးကောက်ပွဲ ကို လက်မခံ နိုင်ခြင်းကြောင့် ဖြစ်သည်။

ဆန္ဒပြသည့် ပုံစံမှာ ထိုင်းဆိုင်ကယ် တက္ကစီကို ငှါးစီး၍ UN (မဲဆောက်) ရုံးရှေ့ အရောက်တွင် လက်ပစ်ဗုံး နှစ်လုံးအား စနက်တံ ဖြုတ်ကာ လက်တွင် ဆုပ်ကိုင်၍ ဆန္ဒပြခြင်း ဖြစ်သည်။ ဆိုင်ကယ် ပေါ်တွင်သာ ထိုင်၍ တက္ကစီ သမားကိုပါ ထိမ်းချုပ်၍ ဆန္ဒ ပြနေခြင်း ဖြစ်သည်။

ဆန္ဒပြမှုကို ဖြေရှင်းရန် အတွက် ထိုင်းအရာရှိကြီးများ အားလုံး လုံခြုံရေး တပ်ဖွဲ့ဝင်များ အားလုံးနှင့် မြို့ တော်ဝန်မှ အစ စနစ်တကျ ကိုင်တွယ် နေသည်ကို မျက်မြင် တွေ့ခဲ့ရသည်။ ပတ်ဝန်းကျင်မှ စိုးရွံ့ထိတ်လန့် နေကြသော်လည်း မည်သည့် ရည်ရွယ်ချက် ရှိသည်ကိုမူ ချက်ချင်း မသိကြသေးပေ။ ထိုင်းရဲ အရာရှိများ တပ်ဖွဲဝင်များနှင့် မြိုတော်ဝန်၏ စနစ်တကျစည်းရုံး ကိုင်တွယ်မှုကြောင့် ထိုင်းအရာရှိမှ စနက်တံ ပြန်လည် သွင်း၍ ဆန္ဒပြမှုကို ရပ်တန် စေနိုင်ခဲ့ပြီး ဆန္ဒပြ ရဲဘော်၏ တောင်းဆိုချက် များကို နားထောင် ပေးခဲ့သည်။

ဆန္ဒပြ ရဲဘော်ရဲ့ တောင်းဆိုချက်နဲ့ ဆန္ဒတွေကတော့
  • (၁)၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူး
  • (၂)DKB အား နယ်ခြား စောင့် အတင်း လုပ်ခိုင်းခြင်းအား မကျေနပ်ဘူး
  • (၃)(BGF)နယ်ခြား စောင့် တပ်ဖွဲ့ ဝင်အဖြစ် အတင်း စုဆောင်း ခံရတဲ့ ကိစ္စကို လက်မခံဘူး
  • (၄)မြန်မာပြည် နိုင်ငံရေး ကိစ္စကို ယူအမ် က သေချာ ရှင်းပေးဖို့ -- အစ ရှိသည်တို့ ဖြစ်ပါသည်။
ထို့အပြင် ထိုင်းအရာရှိ များအား ထိုဆန္ဒပြ ရဲဘော်မှ ၄င်းအား အရေးယူမည် ဆိုပါက နိုင်ငံတကာ ခုံရုံးတွင် အရေးယူ ပါရန်လည်း တောင်းဆို ခဲ့သည်။

ထိုင်းအရာရှိမှ ဆန္ဒပြ ရဲဘော်အား မြန်မာပြည်သို့ ပြန်မည်လား DKBA သို့ ပြန်မည်လား ပြန်လိုပါက ပြန်ခိုင်းမည် ဆိုသော အခါ မပြန်လိုကြောင်း သိရသည်။ သို့အတွက်ကြောင့် ယနေ့ မြန်မာပြည်၏ လွတ်လပ်ရေး နေ့တွင် မလွတ်လပ်၍ စိတ်ခံစားမှု ကျဉ်းကြပ် နေရ ရှာသော ဤလူငယ်၏ ဆန္ဒပြမှု အား ကိုယ်ချင်းစာ နားလည် မိပါသည် ။

(မဲဆောက်က မိတ်ဆွေတဦး ပေးပို့သည်)

source by : အညာနွေ တမာမြေ
Previous Post Next Post

Contact Form