တာ့ကော်ကျိုးနဲ့ ကဆောဝါးလေးကြားက လေးဒေး နေရာမှာ ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲဖြစ်


ဒီကနေ့ ဝေါလေဒေသ တပ်ကော်ကျိုးနဲ့ ကဆောဝါးလေးကြားမှာ နအဖ စကခ (၁၂) လက်အောက်ခံ ခမရ ၅၄၉ နှင့် ဒီကေဘီအေ၊ ကျောင်းသားတပ်မတော်နဲ့ မဟာမိတ် တပ်ဖွဲ့ဝင်တွေ ဒီနေ့ နေ့လည် ၂ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။


တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ နအဖ ဘက်မှ ၁၅ ဦး ထိခိုက်ခဲ့တယ်လို့ သိရှိရပြီး ဒီကေဘီအေ ဘက်မှလည်း ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး နအဖ ဘက်က တိုက်ပွဲထဲမှာ အသုံးပြုဖို့ ခေါ်လာတဲ့ အကျဉ်းသား ၆ ဦး လည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ယခု ဝေါ်လေဒေသ ထိုးစစ်အတွက် နအဖ ဘက်က တပ်ရင်း ၁၀ ရင်း ကို အသုံးပြုပြီး အင်းစိန်၊ မော်လမြိုင်၊ ဘားအ၊ံ တောင်ကလေး က အကျဉ်းသားစုစုပေါင်း ၈၀၀ ကို တိုက်ပွဲအတွင်းမှာ အသုံးပြုဖို့ ခေါ်လာတယ်လို့လဲ ကြားသိရပါတယ်။ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဟာ လေးဒေးလို့ခေါ်တဲ့ နအဖ စခန်းဟောင်း နေရာတခု ဖြစ်ပါတယ်။


ထိုစခန်းနေရာဟာ ၁၉၈၉ ခုနှစ်က ဖလူးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ အရေးကြီးတဲ့ စခန်းကုန်း တနေရာဖြစ်တယ်လို့ ဒီကေဘီအေ တပ်မဟာ ၅ ကလို့ထူးဘော ဗျူဟာမှ ဗိုလ်ဆန်းအောင်က ပြောပြသွားပါတယ်။


source by : http://www.naytthit.net
Previous Post Next Post

Contact Form