အနုပညာသည် ၄ ဦးအား လုပ်အားပေး သင်တန်းပေး ခြင်းများ ပိတ်ပင်ခြင်းသာဖြစ်

‎မနေ့က RFA သတင်းဌာနမှ "အနုပညာသည် လေးဦးအား ရုပ်ရှင် ရိုက်ကူးခွင့်များ ပိတ်ပင် လိုက်သည်" ဟု ကိုကျော်သူမှ ပြောကြားသည် ဆိုသည်မှာ မှားယွင်း နေကြောင်း ဦးကျော်သူ၏ facebook တွင် ရှင်းပြ ထားပါသည်။
အမှန်တကယ်မှာ နာရေး ကူညီမှုအသင်း (ရန်ကုန်)၏ အခမဲ့ သရုပ်ဆောင် သင်တန်းအား သွားရောက် လုပ်အားပေး သင်တန်း ပေးခြင်းများ ကို ပိတ်ပင်ခြင်းသာ ဖြစ်ကြောင်း သိရပါသည်။ အပိတ်ခံရတဲ့ အနုပညာရှင် ၄ ဦးမှာ မသန်းသန်းစိုး၊ မဂွမ်းပုံကြီး၊ ဦးချစ်ပြုံး၊ ဦးညီဂျော်နှင့် ဆုရွှန်းလဲ့ တို့ ဖြစ်သည်။
အဆိုပါ အခမဲ့ သရုပ်ဆောင်သင်တန်း အား ၂၀၁၀ ခုနှစ်၊ မတ်စ်လဆန်းပိုင်းတွင် စတင် ဖွင့်လစ်ခဲ့ခြင်းဖြစ်သည်။
ဦးကျော်သူ၏ အနုပညာ အသိုင်းအ၀န်းထဲမှ မိတ်ဟောင်း ဆွေဟောင်းများ ဖြစ်ကြသော ၀ါရင့် သရုပ်ဆောင်များ ဖြစ်ကြသော မသန်းသန်းစိုး၊ မဂွမ်းပုံကြီး၊ ဦးချစ်ပြုံး၊ ဦးညီဂျော်နှင့် ဆုရွှန်းလဲ့ (အသင်းသူ) တို့၏ အကူ အညီနှင့် ဤသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရားဝင် စာထုတ်ပြီး တားမြစ် ပိတ်ပင်ခြင်း မဟုတ်ပဲ ယခုကဲ့သို့ တားမြစ် ပိတ်ပင်ခြင်းများ ပြုလုပ်နေတာ ၃ နှစ်ရှိပြီ ဖြစ်ကြောင်း၊ အခုလို လူမှုရေး လုပ်တဲ့ အနုပညာရှင်တွေကို လုပ်ကိုင်စားသောက်ခွင့် ပိတ်တာဟာ အနုပညာရှင်တွေရဲ့ လူမှုရေး စိတ်ဓာတ်ကို ဖျက်ဆီးရာ ရောက်သလို လက်ရှိ မြန်မာနိုင်ငံက အနုပညာရှင်တွေရဲ့ ဘဝဟာ အစိုးရအကြိုက် လိုက်နိုင်မှ လုပ်ကိုင်စားလို့ ရမဲ့ အနေအထား ဖြစ်ကြောင်း ဦးကျော်သူမှ ပြောပြသွားပါသည်။

လူမှုရေး လုပ်ရာ၌
  • မိမိ ကိုယ်ကို နှိမ့်ချ ဆက်ဆံရေး၊
  • ကာယံကံရှင်ကို ညင်သာ ရိုသေနွေးထွေးစွာ ဆက်ဆံရေး၊
  • တစ်ဖက် လူ၏ ဆက်ဆံရေးသည် မချေမငံဆက်ဆံလာပါက ဒေါသ ရှေ့မထားရေး၊
  • မိမိတို့အသင်း၏ လုပ်ဆောင်ပေးမှု အတိုင်းအတာကို ကာယကံရှင်တို့ သဘောပေါက် နားလည်မှု ရှိသည် အထိ ပြောဆို ဆက်ဆံရေး၊
  • ဗြဟ္မစိုရ် တရားလေးပါး (မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ) ကို မြေ၀ယ် မကျ လက်ကိုင် ကျင့်သုံးရေး၊
စသည့် အချက်များအပြင် ကိုယ်နုတ် အမူအရာ အလွန် အရေးကြီးကြောင်း မျိုးဆက်သစ် လူငယ်တို့ သဘော ပေါက်လာပြီဖြစ်၍ ရှေ့ဆက်ပြီး နာရေးကူညီမှု အသင်း (ရန်ကုန်)မှ ထူးချွန်ထက်မြက် လိမ္မာယဉ်ကျေး သော လူမှုရေး၊ မင်းသား၊ မင်းသမီးများ မြောက်များစွာ မွေးထုတ် ပေးနိုင်တော့ မည်ဖြစ်ကြောင်း မင်္ဂလာစကား လက်ဆင့် ကမ်းလိုက်ရပါကြောင်း facebook တွင် ဖော်ပြ ထားပါသည်။

HRmyanmar

http://kyeesaytaman.blogspot.com/ တွင် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့အား နှိပ်ကွပ်ရေးဖွဲ့ထားတာကြည့်ပြီး ဒေါသအရမ်းဖြစ်မိပါသည်။ ထိုကဲ့သို့ မမှန်မကန်တဲ့သတင်းကို နားမလည်သူတစ်ယောက်သာ ဖတ်မိလျှင် အထင်လွဲပြီး အမှားကို အမှန် ထင်နေမှာပဲဆိုတဲ့ အတွေးနဲ့ မှန်ကန်သော သတင်းအချက်အလက်များနှင့် လူ့အခွင့်အရေးအတွက် တဖက်တလမ်းမှ ကြိုးပမ်းချင်သဖြင့် Saturday, May 02, 2009 မှာ ဒီ blog စတင်ရေးသားပါသည်။

Previous Post Next Post

Contact Form