ဘဘဦးဝင်းတင် နှင့် ဘဘဦးတင်ဦး တို့ နိုင်ငံရေး အကျဉ်းကျ မိသားစုဝင် များအား လိုက်လံ တွေ့ဆုံ အားပေး

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
ဒီနေ့ ၂.၇.၂၀၁၀ သောကြာနေ့မှာ ဘဘဦးဝင်းတင် ဘဘဦးတင်ဦး တို့မှ နိုင်ငံရေးနဲ့ အကျဉ်းကျ နေတဲ့ မိသားစုဝင် တွေကို လိုက်လံ တွေ့ဆုံ အားပေး စကား ပြောပါတယ်။ ပထမ သွားရောက် တွေ့ဆုံ အားပေး စကားပြောတဲ့ အိမ်ကတော့ ရန်ကင်း မှ ကိုဇာဂန အိမ် ဖြစ်ပါတယ် ။ ကိုဇာဂန အိမ်မှာပဲ ကိုအံ့ဘွယ်ကျော် အမေကိုလည်း ဖိတ်ထားတဲ့ အတွက် လာရောက်တာ တွေ့ရပါတယ်။ ဘဘ ဦးဝင်းတင် က ၉ နာရီ မထိုးခင် ကတည်းက ၁ ယောက်ထဲ အရင် ရောက်ရှိ လာပါတယ် ၉ ခွဲခန့်တွင် ဘဘ ဦးတင်ဦးတို့ ရောက်ရှိ လာပြီး ကိုဇာဂနာ မိသားစုနဲ့ ကိုအံ့ဘွယ်ကျော် အမေ တို့ကို အားပေး စကား ပြောပြီး အကျဉ်းကျ နေတဲ့ ကိုဇာဂနာနဲ့ ကိုအံ့ဘွယ်ကျော် တို့အတွက် ပစ္စည်းများ ပေးအပ် ပါတယ် ထို့နောက် ကိုဇာဂန အဖေ ဦနန်းညွန့်ဆွေအား ဘဘ ဦးတင်ဦး ဘဘ ဦးဝင်းတင် တို့နှင့် လာရောက် အားပေးသော NLD လူငယ်များမှ ကန်တော့ ကြပါတယ်။ ထိုမှ ဆက်၍ ကိုပြုံးချို အိမ်ရှိရာ တာမွေလေးသို့ ၁၀နာရီ ၂၀ ခန့်တွင် ထွက်ခွာခဲ့ကြပါတယ် ကိုပြုံးချိုအိမ်တွင် ကိုပြုံးချို မိသားစု၊ မမီးမီး အမျိုးသား ကိုလှမိုး ဗကသမှ ဟန်နီဦး အဖေ ဦးထွန်းဦး တို့နဲ့ တွေ့ဆုံ အားပေး စကား ပြောကြား ပါတယ် ရာဟု (ခ) ကျော်ကိုကို အဖေ ကိုလည်း ဖိတ်ထားပေမယ့် ရောက်မလာ ပါဘူး။ ထိုသို့ အားပေး စကားပြောကြားပြီး အကျဉ်းကျ သူများ အတွက် ပစ္စည်းများ ပေးအပ်၍ နေ့လည် ၁၁ ခွဲခန့်တွင် NLD ရုံးသို့ ပြန်လည် ထွက်ခွာ ကြပါသည်။
Previous Post Next Post

Contact Form