ဗိုလ်မှူး စိုင်းသိန်းဝင်း နှင့် အဖွဲ့အား ABMA ကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်

ယနေ့ မြန်မာနိုင်ငံတွင် တိုင်းပြည်မှ ထွက်ရှိလာသမျှသော သယံဇာတပစ္စည်းများကို တိုင်းပြည်မှာ အဖက်ဖက်မှ နိမ့်ကျနေသော ပြည်သူများ၏ ပညာရေး ကျန်းမာရေးများ၊ စားဝတ်နေရေးများအတွက် ပြေလည်အောင် ဖြေရှင်းပေးဖို့ အတွက် အသုံးမပြုဘဲ လူသတ် လက်နက်မျိုးစုံနှင့် မိမိတို့ ကိုယ်ကျိုးစီးပွား ကောင်းစားရေး၊ အာဏာတည်မြဲရေးအတွက်သာ အသုံးပြု နေကြသော စစ်အာဏာရှင်များ၏ လက်အောက် အစေခံဘဝမှ အမှန် တရားများကို သိမြင်ပြီး ပြည်သူတို့၏ ရင်ခွင်သို့ ခိုလှုံကာ ပြည်သူ့ တပ်မတော်သား စစ်စစ်အဖြစ် ရဲရဲဝံ့ဝံ့ ကူးပြောင်းလာသော အရင်က တပ်မတော် သားများနှင့် မကြာသေးမီ ကာလက ပြည်သူ့ ဘက်သို့ ကူးပြောင်း ခိုဝင်လာသော ဗိုလ်မှူး စိုင်းသိန်းဝင်း နှင့်အဖွဲ့အား မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးမှ လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ကြေညာအပ်ပါသည်။

ယခုလို တိုင်းပြည်နှင့်လူမျိုးများအပေါ် စာနာ ထောက်ထားခြင်း ကင်းစွာ အဖက်ဖက်မှ နိမ့်ကျအောင် ပြုလုပ်ထားသော စစ်အာဏာရှင် များ၏ မတရား တဲ့ လုပ်ရပ်များကို ဖော်ထုတ်ရင်း ပြည်သူများ၏ ရင်ခွင်သို့ ကူးပြောင်းလာမယ့် ကျန်ရှိနေသေးသော တပ်မတော်သားများကိုလည်း သံဃာများ၊ ကျောင်းသား ပြည်သူများနှင့် အမှန်တရားကို လိုလားကြသော အဖွဲ့အစည်း အသီးသီးတို့မှ မျှော်လင့်လျှက် ရှိနေပါကြောင်းကို တပ်မတော်သားများ အား သိစေအပ်ပါသည်။ အခြားသော ဝန်ထမ်းများသည်လည်း မိမိတို့သည် ပြည်သူများ၏သွးချွေး လုပ်အားတို့ဖြင့် ရင်းနှီး၍ အခွန်အ ဖြစ် ပေးဆောင်နေသော ငွေများဖြင့် ရလာသော လခများကို သုံးစွဲနေကြရသောကြောင့် စစ်အာဏာရှင်များ၏ မတရားသော လုပ်ရပ်များ ကို ဖော်ထုတ်ရင်း ပြည်သူ့ဝန်ထမ်းစစ်စစ်များ ဖြစ်လာနိုင်ကြလိမ့်မည်ဟု ပြည်သူ တရပ်လုံးက မျှော်လင့်လျှက်ရှိကြပါသည်။

စစ်အာဏာရှင်များသည် တိုင်းပြည်က ထွက်ရှိသမျှသော သယံဇာတပစ္စည်းမျိုးစုံကို အတိ ဒုက္ခရောက်နေကြသော ပြည်သူ ပြည်သားများ အတွက် အသုံးမပြုဘဲ မျက်ကွယ်ပြုကာ ၎င်းတို့နှင့် နီးစပ်ရာ မိသားစုများ၊ လူမျိုးပြုန်း သေဆုံးစေမည့် နျူကလီးယား အပါအဝင် စစ်လက်နက်မျိုးစုံနှင့် အာဏာ တည်မြဲရေး အတွက်သာ အသုံးပြု နေကြသည်။ ၎င်းနျူကရီးယားလက်နက်ကြောင့် ပဌမဦးဆုံး ဒုက္ခရောက်မှာက မြန်မာပြည်သူမျာသာ ဖြစ် ပါသည်။ အိမ်နီးချင်းနိုင်ငံများနှင့် အပြိုင်အဆိုင် လက်နက်များထုတ်ကြရင်း တိုက်ခိုက်မှုများဖြစ်ပေါ်လာပါက ရှေးဦးစွာ ထိခိုက်သေဆုံးရမှာက ပြည်သူများပင် ဖြစ်ပါသည်။ ၎င်းလက်နက်၏ အကျိုးဆက်ကြောင့် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုများ ထပ်မံ လုပ်ဆောင် လာမည် ဖြစ်၍ ကုန်ဈေးနှုန်းမြင့်ပြီး ဒုက္ခရောက်ကာ အငတ်ဘေးဆိုက်ရမှာသည် ပြည်သူများပင် ဖြစ်ပါသည်။ စစ်အာဏာရှင်များနှင့် နောက်လိုက်များ၏ မတရားမှုများကို အလွန်အမင်း လုပ်နေကြသောကြောင့် တိုင်းပြည်မှာလည်း ဘေးအန္တရာယ် ကပ်အမျိုးမျိုး ဆိုက်ရောက်လာနေပါသည်။ ထို့ ကြောင့် တိုင်းရင်းသား ပြည်သူများအနေနဲ့လည်း လူသားတိုင်းကို ဒုက္ခ အမျိုးမျိုး ပေးနေသော စစ်အာဏာရှင်များအား တတ်နိုင်သည့်ဘက်မှ ဆန့်ကျင် တိုက်ပွဲဝင်ပြီး အာဏာရှင် စနစ် အမြန်ဆုံး ချုပ်ငြိမ်းကာ တရား မျှတစွာဖြင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုပ်ဆောင် ကြဖို့ရန် တိုက်တွန်း လိုက်ရပေသည်။

လုံခြုံရေး ကောင်စီ စတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း လူမျိုးပြုန်း လုပ်ကြံသတ်ဖြတ် ညှင်းဆဲပြီး လူသားဘဝတွေ အညွန့်တုံးအောင်၊ လူအခွင့်ရေးများ ဆိတ်သုဉ်းအောင်၊ ပြည်သူများကို ဆင်းရဲ မွဲတေပြီး အကျင့် စာရိတ္တတွေ ပျက်စီးအောင် လုပ်ထားပြီး ၊ လူမျိုးပြုန်း သေဆုံးစေနိုင်မယ့် နျူကလီးယား လက်နက်များ ထုတ်နေသော နအဖစစ်အာဏာရှင်များကို အမြန်ဆုံးအရေးယူ အပြစ်ပေးနိုင်အောင် လုပ်ဆောင်ကြဖို့ရန် တိုက်တွန်း နှိုးဆော် လိုက်ပါသည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး။

-- http://allburmamonksalliance.com/ http://allburmamonksalliance.org/

HRmyanmar

http://kyeesaytaman.blogspot.com/ တွင် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့အား နှိပ်ကွပ်ရေးဖွဲ့ထားတာကြည့်ပြီး ဒေါသအရမ်းဖြစ်မိပါသည်။ ထိုကဲ့သို့ မမှန်မကန်တဲ့သတင်းကို နားမလည်သူတစ်ယောက်သာ ဖတ်မိလျှင် အထင်လွဲပြီး အမှားကို အမှန် ထင်နေမှာပဲဆိုတဲ့ အတွေးနဲ့ မှန်ကန်သော သတင်းအချက်အလက်များနှင့် လူ့အခွင့်အရေးအတွက် တဖက်တလမ်းမှ ကြိုးပမ်းချင်သဖြင့် Saturday, May 02, 2009 မှာ ဒီ blog စတင်ရေးသားပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form