ဈေးမီးလောင်မှု ဖြင့် ဆိုင်ပိုင်ရှင် သုံးဦးကိုဖမ်း

မေလ ၂၄ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာဈေး မီးလောင်မှုတွင် အဓိက တာဝန်ရှိသည့် ဆိုင်ရှင် သုံးဦးကို မင်္ဂလာ တောင်ညွှန့် ရဲ စခန်း မှ ဖမ်းဆီး၍ အမှုဖွင့် အရေးယူထားသည် ဟု ယနေ့ ထုတ်ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

မေလ ၂၃ ရက်နေ့ ညက ဈေးပိတ်ချိန် တွင် ရေနွေးအိုး တည်ထားသည့် မီးပလပ်ကြိုးကို မဖြုတ်ပဲ ထားရှိပြီး နောက်တစ်နေ့ ဈေးဖွင့်ချိန်တွင် ဈေးတာဝန်ခံ ရုံးက လျှပ်စစ်မီး များ ပြန်လည် ဖွင့်လှစ်ရာမှ ရေနွေးအိုး လောင်ကျွမ်းပြီး အနီးရှိ အထည် များ ကို ကူးစက်ရာမှ မီးလောင် ကျွမ်းခဲ့ခြင်း ဖြစ်သည် ဟု ဖော်ပြထားသည်။

မတ်လ ၂၄ ရက်နေ့ နံနက် တွင် စတင် ခဲ့သည့် မင်္ဂလာဈေး မီးလောင်မှု သည် မတ်လ ၂၅ ရက်နံနက် ညနေတွင် မှ လောင်ကျွမ်းမှု ပြီးဆုံးခဲ့သည်။

မီးလောင်ကျွမ်းမှုသည် စတုတ္ထထပ်တွင်သာ လောင်ကျွမ်းခြင်း ဖြစ်ပြီး ကျန်ရှိနေသည့် အထပ်များသို့ ကူးစက် လောင်ကျွမ်းခြင်း မရှိဟု ဆိုသည်။

မင်္ဂလာဈေးတွင် ဆေးဝါးရောင်း ချသူ တစ်ဦးက စတုတ္ထထပ်မှာ ပြာပဲကျန်တော့ တယ်လေ ၊သူတို့ ဘာကြောင့် ရေနွေးအိုးက လောင်တယ်လို့ ပြောနိုင်ရတာတုန်း ဟု ဆိုသည်။

မီးလောင် ခံရသည့် မင်္ဂလာ ဈေးမှ ဈေးသူ ဈေးသား အများစု သည် အာမခံ မထားရှိ သဖြင့် လျှော်ကြေးရဖွယ်မရှိ ဟု ယနေ့ ထုတ် ဂျာနယ် များ တွင် ဖော်ပြထားသည်။

ဈေးသူ၊ ဈေးသား အများစုမှာ လျှော်ကြေး လည်းမရ ဆိုင်ခန်း ပြန်လည် ဖွင့်လှစ်ရန် နေရာချထား ပေးခြင်းလည်း မရှိသောကြောင့် မကျေမနပ် ဖြစ်နေကြသည် ဟု သတင်းရရှိသည်။

source by : FREEDOM NEWS GROUP

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form