ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုအား ထောက်ခံသော အားဖြင့် ပြည်တွင်း ပြည်ပ၌ နေကြာပန်းများ စိုက်ပျိုး၍ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံ များအား ချိတ်ဆွဲဖေါ်ပြပေးကြပါရန်။

ဓါတ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။

နေကြာပန်းဟာ သက်တမ်း ကြာမြင့်စွာ လန်းဆန်းတဲ့ ပန်းဖြစ်သလို ငြိမ်ချမ်းရေး သင်္ကေတ ပန်းတစ်မျိုး အဖြစ်လည်း အသွင်ဆောင် ပါတယ်။ နေကြာပန်းကို နိုင်ငံတကာ နိုင်ငံ အသီးသီးမှာ အတော်များများ စိုက်ပျိုးကြပါတယ်။ မြန်မာပြည်သူများရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ကမ္ဘာတစ်ဝှမ်းက ကမ္ဘာ့ ပြည်သူ တော်တော်များများက သိကြပါတယ်။

မြန်မာ ပြည်သူများ အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေးနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံ အားပေးတဲ့ အနေနဲ့ မြန်မာ ပြည်တွင်းမှာရော ပြည်ပမှာရော မိမိတို့ အိမ်ခြံဝင်းများ အတွင်းမှာ နေကြာပန်းများ စိုက်ပျိုးပြီး ဒေါ်အောင်ဆန်းစုကြည် ၏ ဓါတ်ပုံများ ချိတ်ဆွဲ ကြပေးဖို့ (သို့) ပြည်တွင်းမှသူများ မိမိ အိမ်ခြံဝန်း အတွင်းမှာ ပြုလုပ်ရန် အခက်အခဲ ရှိပါက နေကြာပန်းပွင့်များ ရှိရာ နေရာများမှာ ပြုလုပ်ကြဖို့ တိုက်တွန်း လိုပါတယ်။

ဒီလှုပ်ရှားမှုကို ဆောင်ရွက် အကောင်အထည် ဖေါ်ရင်းနဲ့ နအဖက အကြံအဖန်ပြုမယ့် ၂၀၁၀ ရွေးကောက်ပွဲ အချိန်ကာလ ဒီနှစ်မှာ မြန်မာပြည်သူ တစ်ရပ်လုံးက ရွေးချယ် တင်မြှောက် ပေးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ တရားဝင် လူထု အသိအမှတ်ပြု ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ် ဆိုတာ မြန်မာပြည်တွင်းရော ကမ္ဘာ့ ပြည်သူများကပါ မမေ့မလျော့ သိရှိစေရန် ဆောင်ရွက်ကြပါစို့။

ဒီလှုပ်ရှားမှုကို အကောင်အထည်ဖေါ် ဆောင်ရွက်မှုအား http://sunflowerforsuu.com/ မှာ ဖေါ်ပြထားပါတယ်။

ကိုးကား ။ ။ကိုနစ်နေးမန်း

0 comments: