မြန်မာ့ ဖွတ်ဘောနှင့် စက်တင်ဘာ

ချစ်ဆုဝေ ဖွင့်ပွဲ အတွက် သီချင်းဆိုနေစဉ်
မြန်မာ့ ဖွတ်ဘော ဒုတိယ အကြိမ်မြောက် ပြိုင်ပွဲကို ရန်ကုန်နှင့် မန္တလေး မြို့ကြီး (၂) ခုတွင် စည်ကားသိုက်မြိုက်စွာဖွင့်လှစ်လိုက်ပြီဟု သတင်းများတွင် ဖတ်လိုက်ရပေသည်။ မြန်မာ့ ဖွတ်ဘော အသင်းရဲ့ ဖွတ်သံသရာသည် နအဖ အာဏာရှင် လက်အောက်တွင် ဖွတ်ဖြစ်ရုံ မက ဖွတ်ခြေစွမ်းများနှင့် နိုင်ငံတကာသို့ တိုးမပေါက် ခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာမြင့် ခဲ့ချေပြီ။

ယခုတစ်ဖန် မြန်မာ နေရှယ်နယ်လိဂ်ဟု နာမည် တစ်မျိုးပြောင်းကာ မြန်မာ ပြည်သူ လူထုကြီးအား အာရုံလှည့်စားရန် ရည်ရွယ်ချက်နဲ့ အရှိန်အဟုန်ပြင်းစွာ လုပ်ဆောင်နေကြပေသည်၊ မြန်မာ့ ဘောလုံး လောကကို အမှန်တကယ် ဖွံ့ဖြိုး တိုးတက် စေချင်သည့် စေတနာထက် နိုင်ငံရေး အတွက် အမြတ်ထုတ်ဖို့က ပိုများနေသည်ဟု လူအများစုက သတ်မှတ်ထားကြပေသည်၊ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် မြန်မာ ပြည်သူ လူထုကြီးအား နိုင်ငံရေးကို စိတ်မ၀င်စားစေရန် နအဖက အထူးကြံရွယ်ထားပေသည်၊ နအဖနှင့် ဖအေတူ မအေကွဲများ ဖြစ်ကြသည့် ပြည်သူ့ ဂုတ်သွေးစုတ် စီးပွားရေး လုပ်ငန်ရှင်ကြီး ဆိုသူများကလည်း နအဖအကြိုက် အလိုက်ဆောင်ကာ မျက်နှာချိုသွမ်း အရူးချီးပန်း လုပ်ကာ ရူးချင်ယောင် ဆောင်နေကြပေသည်၊ အထူးသဖြင့် ထူးထရေးဒင်း ပိုင်ရှင် တေဇသည် မြန်မာပြည်ကြီးတစ်ခုလုံး၏ စီးပွားရေး လုပ်ငန်းစုများကို လက်ဝါးကြီး အုပ်ကာ နအဖ သက်ဆိုးရှည်ရေး အတွက် နည်းပေါင်းစုံနှင့် ညစ်ပတ်စွာ လုပ်ကိုင် ဆောင်ရွက် ပေးနေသူ တစ်ဦး ဖြစ်သည်။

ယခုလို မြန်မာ့ ဖွတ်ဘောပွဲကို ကျင်းပခြင်းကြောင့်
၁။ လောင်းကစားလုပ်ငန်းများ မှိုလိုပေါများလာခြင်း၊
၂။ ခိုးဆိုးလုယက်မှုများ များပြားလာခြင်း၊
၃။ စီးပွားရေး ပိုမိုဆုတ်ယုတ်ပျက်စီးခြင်း၊
၎။ အကျင့်စာရိတ္တ ဆိုးရွားစွာ ပျက်စီးခြင်း၊
၅။ အနာဂတ် မြန်မာ့နိုင်ငံရေး အတွက် စိတ်ပါဝင်စားမှု မရှိခြင်း၊


ဆိုသည့် အကျိုးတရားများကို လက်တွေ့ ခံစားကြရမည် ဖြစ်သည်၊ မြန်မာ့ ဖွတ်ဘောလောက အဆင့်အတန်း မြင့်သည် မမြင့်သည်ထက် ပြည်သူ့ ခံစားပေါက်ကွဲမှုဒေါသတို့သည် နအဖ ဖက်မလှည့်ရေးသည်သာ အဓိကအဖြစ်သတ်မှတ်ထားသောကြောင့် မြန်မာ့ ဖွတ်ဘော လောကကြီးသည် ဖွတ်သံသရာ လည်နေဦးမည်သာ ဖြစ်ပေသည်။
ဖြူဖြူကျော်သိန်း သီဆိုစဉ်
စက်တင်ဘာလသည် မြန်မာ တစ်မျိုးသားလုံး၏ ရင်ထုမနာ ယူကြုံးမရဖြစ်ခဲ့ရသည့် လဖြစ်ပေသည်၊ ဒီစက်တင်ဘာမှာ မိမိတို့ အထွတ်အမြတ်ထား ကိုးကွယ်သည့် ဘာသာ သာသနာကို နအဖ စစ်အာဏာရှင်က ရက်ရက်စက်စက် ဖြိုခွဲဖျက်ဆီးပစ်ခဲ့သည်၊ ဒီစက်တင်ဘာမှာ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့သွေးတွေ မြေခခဲ့ရသည်၊ ဒီစက်တင်ဘာမှာ မတရားဖိနှိပ်ချုပ်ခြယ်သည့် အာဏာရှင် တွေကို တော်လှန်သည့် တော်လှန်ရေးဝိညာဉ်တွေ နိုးထကြသည်၊ ဒီစက်တင်ဘာသမိုင်းကို မေ့ဖျောက်ပစ်လို့ မရ၊ စက်တင်ဘာသည် စစ်အာဏာရှင်များကို ထာဝရ ခြောက်လှန့်စေမည်ဖြစ်သည်။
ဖြိုးကြီး သီဆိုစဉ်
တေဇနဲ့ အောင်မိုးဇော် (ဂရင်းရွယ်ရယ်ဝီစကီ စပွန်ဆာ)
ရဟန်းရှင်လူ ပြည်သူ တစ်ရပ်လုံးကလည်း နအဖ စစ်မိစ္ဆာကောင်များရဲ့ အမျိုးမျိုးသော လိမ်လည် လှည့်စားမှုများကို နားမယောင်ကြပဲ မိမိတို့၏ ရည်မှန်ချက် ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ခေတ်သို့ရောက်ရှိအောင် ခိုင်မြဲသောလက်တို့ဖြင့် ဇွဲ လုံ့လ ၀ိရိယ သတိကြီးမားစွာ ထား၍ နအဖ စစ်မိစ္ဆာ ရန်သူအာဏာရှင်ကို စုပေါင်း တော်လှန် အောင်ပွဲခံကြဖို့ အသင့် အနေအထား ရှိနေကြရန် အထူး တိုက်တွန်း ရေးသား လိုက်ရပေသည်။

ဓါတ်ပုံများကို မိုးမခ မှ ရယူပါသည်။
တက္ကသိုလ် သောတုဇနဘိက္ခု (ရန်ကုန်)

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form