ဒီကေဘီအေအဖွဲ့မှ အတင်းအဓမ္မ တပ်သားသစ်များ ကောက်ခံလျက်ရှိ

ဒီကေဘီအေမှ နယ်စပ်ရဲလုပ်ရန် သဘောတူထားပြီး နအဖမှ လိုအပ်သော အင်အား ထပ်ဖြည့်ဖို့ ညွှန်ကြားတာကြောင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် ၂၀၀၉ ခုနှစ် ဇွန်လပိုင်းက ဒီကေဘီအေ အဖွဲ့မှ အတင်းအဓမ္မ တပ်သားသစ်များ ကောက်ခံလျက်ရှိပါ တယ်။

နဘူး မြို့နယ်ရှိ ကျေးရွာများကို တပ်သားသစ် ၃၀၀ ကောက်ခံ ထားပြီး ကျေးနယ် တနယ်ကို ၇ ဦး ကနေ ၁၀ ဦးအထိ သတ်မှတ်ထားပြီး မပေးနိုင်ရင် တဦးအတွက် လေးသောင်း ကနေ ၂ သိန်း ထိတောင်းပါတယ်။ တပ်သားသစ် များကို ၃ နှစ်အမှုထမ်းရမယ်လို့ သတ်မှတ်ထားပါတယ်။

ငွေမပေးနိုင်တဲ့အိမ်တွေကို ပစ္စည်းတွေသိမ်းတယ်။ သူကြီးတွေကိုဖမ်းပြီး တောင်းထားတဲ့ ငွေနဲ့ရွေးခိုင်းတယ်။

နဘူးမြို့နယ် အတွင်းရှိ နောင်တပွဲ ကျေးနယ်၊ ထီးကလေး ကျေးနယ်၊ နောင်ကိုင်း ကျေးနယ်၊ ထီးပိုစံကျေးနယ်၊ သကြားချောင်း ကျေးနယ်၊ အင်းရှည် ကျေးနယ် တွေကို အစည်းအဝေး ခေါ်ပြီး ဒီကေဘီအေ ၉၉၉ မှ အရာရှိများ ဖြစ်တဲ့ ဗိုလ်မြခိုင် နဲ့ ဗိုလ်ဂတုံးတို့က အခုလို တပ်သားသစ်တွေ ကောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီ ကျေးရွာတွေ အတွက် ကာကွယ်ဖို့ ဖြစ်တယ်လို့ အကြောင်းပြ ပါတယ်။

၂၀၀၈ ခုနှစ်တုန်းကလည်း တပ်သားသစ်ကောက်ခံခဲ့ပါသေးတယ်၊ အဲဒီတုန်းက တနယ်ကို နှစ်ဦး တောင်းတယ်။

- (အသံဖိုင်) အတင်းအဓမ္မ တပ်သားသစ်ကောက်ခံတာကို အမေ တယောက်က ဒီလို ပြောထားပါတယ်။ ဒီမှာ နားထောင်ကြည့်ပါ။ mp3 file download

source by : နေ့သစ်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form