ရန်ကုန်၊ နာဂစ် ဒေသနှင့် ပဲခူး တွင် ကလေးသူငယ်များ သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားနေ


ခြင်မှလူကို ကူးစက်သည့်သွေးလွန် တုပ်ကွေး ရောဂါ
ဟိန်းခိုင်ထွန်း | ရန်ကုန် ဆင်ခြေဖုန်း မြို့နယ်များနှင့် ပဲခူးမြို့ပေါ် ရပ်ကွက် အချို့တွင် ရာသီအလိုက် ဖြစ်တတ်သော သွေးလွန် တုပ်ကွေး ရောဂါများ ကလေး သူငယ်များတွင် ဖြစ်ပွား နေသည် ဟု သတင်း ရရှိသည်။ မြောက်ဥက္ကလာရှိ ဆေးခန်း တစ်ခု တွင် နေမကောင်းသဖြင့် လာရောက်ပြသသော ကလေးသူငယ်များ အနက် ထက်ဝက်ခန့်မှာ သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားနေ သော ကလေးများ ဖြစ်ကြောင်း ထိုဆေးခန်းမှ ဆရာဝန် တစ်ဦး ဖြစ်သူ ဒေါက်တာ စိုးအောင် က ပြောသည်။

မိုးဦးကျ ကာလတွင် ဖြစ်ပွား တတ်သော ကလေးငယ်များ ၏ သွေးလွန် တုပ်ကွေး ရောဂါများမှ သတိရှိကြရန် ယနေ့ထုတ် စစ်အစိုးရ အာဘော် သတင်းစာ များတွင် ဖေါ်ပြထားသော် လည်း ကျန်းမာရေး ၀န်ကြီးဌာန လက်အောက်ရှိ ဆေးရုံ များတွင် သွေးလွန် တုပ်ကွေး ရောဂါ အပြင် ယခု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ကပ်ရောဂါ အဖြစ် ကြေညာ ထားသော ၀က်တုပ်ကွေး ရောဂါ အတွက် ပါ ပြုစု စောင့်ရှောက်ရန် နှင့် ဆေးဝါးကုသရန် အဆင်သင့် မဖြစ်သေး ဟု ရန်ကုန် ဆေးရုံကြီးမှ ဆရာဝန် တစ်ယောက် ကပြောသည်။


သွေးလွန် တုပ်ကွေး ရောဂါသည် မြို့ပေါ်တွင် အဖြစ်များသော ခြင်မှကူး စက်သည့် ရောဂါတစ်မျိုး ဖြစ်ပြီး ဆေးပညာ ဝေါဟာရဖြင့် ဒန်ဂေး ဟိုမိုဟေးဂျစ် ဖီဗာ (Dengue Haemorrhagic Fever )ဟုခေါ်သည်။

ယမန်နှစ်က ဆိုင်ကလုန်း မုန်တိုင်း နာဂစ် ၀င်ရောက် တိုက်ခတ်ခဲ့၍ လူ တစ်သိန်းခွဲကျော် သေဆုံးခဲ့ရသည့် ဧရာဝတီ တိုင်းအတွင်းရှိ လပွတ္တာ မြို့နယ်များ အတွင်းရှိ ကျေးရွာ များတွင်လည်း ကလေးငယ်များမှာ သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားနေကြောင်း အစိုးရ မဟုတ်သော ကျန်းမာရေး စောင့်ရှောင့်မှု ၀န်ဆောင်မှု ပေးသည့် အဖွဲ့အစည်း တစ်ခု မှ ၀န်ထမ်း တစ်ဦးက Freedom News Group သို့ ပြောသည်။

ပဲခူးဥဿာ မြို့သစ် နှင့် ဒိုက်ဦး ဘက်တွင်လည်း သွေးလွန် တုပ်ကွေး ရောဂါများ ဖြစ်ပွားနေပြီး ထိုရေဂါ ဖြစ်ပွားသော ကလေးငယ်များ၏ သေပျောက်မှု သတင်းကို အသေးစိတ် မသိရှိ ရသေးချေ။

ရန်ကုန်တွင် သွေးလွန် တုပ်ကွေး ရောဂါ နှင့် တုပ်ကွေး ရောဂါ ဖြစ်ပွား ရခြင်းမှာ ပိတ်ဆို့နေသော ရေမြောင်းများတွင် ပိုးလောက်လန်း များမှ ခြင်များ ပေါက်ဖွား မှုကြောင့် ဖြစ်သည်။

ဖားအံ ပြည်နယ် ဆေးရုံကြီးတွင်မူ သွေးလွန် တုပ်ကွေး ဖြစ်ပွားသည့် ကလေးများ အတွက် ကုသရန် နေရာပင် မရှိတော့ပဲ ယခု လဆန်းပိုင်း ကတည်းက ဖြစ်ပွားနေသည့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ဖြစ်ပွားနေ သော တိုက်ပွဲ များတွင် ဒဏ်ရာရ လာသည့် နအဖ စစ်တပ်မှ စစ်သားများ နှင့် ဒီကေဘီအေ အဖွဲ့ဝင် များကိုသာ ကုသ ပေးနေရကြောင်း သတင်း ရရှိသည်။

source by : Freedom News Group

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form