ဇီးကုန်း မြို့နယ်မှာ နအဖဆန့် ကျင်ရေး စာများ ဖြန့်ဝေ။

မေ (၃၁) ညက ဇီးကုန်းမြို့နယ်မှာ စစ်အစိုးရဆန့်ကျင်ရေး ဒီမိုကရေစီ တပ်လှန့်သံ ဆိုတဲ့ စာရွက်တွေ လိုက်လံ ကပ်ကြကြောင်း သိရှိရပါတယ်။ အေဖိုးဆိုဒ် စာရွက်တွေပေါ်မှာ စာကြောင်း ၂၀လောက်ပါပြီး စစ်အစိုးရ အုပ်ချုပ် ခဲ့တဲ့ ကာလ တလျှောက်မှာ အဖိနှိပ် ခံရတာတွေ၊ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုဆင်ပြီး ဖမ်းဆီးထားတဲ့ အကြောင်းတွေ ရေးသားထားပါတယ်။

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာတွေကို သတ်ဖြတ် ဖမ်းဆီးတာတွေ။ ၂၀၀၈ ဖွဲ့စည်းပုံ ဆန္ဒခံ ယူပွဲမှာ ကလိမ်ကကျစ် လုပ်ပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်ဖို့ ပြင်ဆင်နေတာတွေကို ပြည်သူတွေ အနေနဲ့ ရဲရဲတောက် သတ္တိရှိစွာ တွန်းလှန် သွားဖို့ ရေးသားထားပါတယ်၊

အဆိုပါ စာရဲ့အောက်နားမှာ အစစ်အမှန် လူထုအသံ ဆိုတဲ့ ကြွေးကြော်သံ ၆ ချက် ပါရှိပါတယ်။
  • ၁။ စစ်အာဏာရှင် ဖွဲ့စည်းပုံ ၂၀၀၈ ဖျက်သိမ်းပြစ် ဖျက်သိမ်းပြစ်။
  • ၂။ စစ်ဗိုလ်ချုပ်တွေ စိုးမိုးမဲ့ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ အလိုမရှိ။
  • ၃။ တွေ့ဆုံဆွေးနွေးရေး ချက်ချင်းလုပ် ချက်ချင်းလုပ်။
  • ၄။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ် ချက်ချင်းလွှတ်။
  • ၅။ ဒီမိုကရေစီ အောင်ရမည်။ အောင်ရမည်။
  • ၆။ မတရားတဲ့ အမိန့် အာဏာမှန်သမျှ ဖီဆန်ကြ ဖီဆန်ကြ။
ဟု ဆိုပြီး ပြည်သူထဲက ပြည်သူများလို့ ရေးသားထားတဲ့ စာတွေ နေရာအနှံ့ တွေ့ရတယ်လို့ သိရပါတယ်။

(ပေးပို့သူ - ပြည်တွင်း လှုပ်ရှားသူ တဦး)။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form