ဘာမှ မဟုတ်သော လူ ။

ဘ၀က ကြမ်းလို့ အလွမ်းလမ်းလေးကို
ဝင်ရောက်နိုင်ဖို့  ငါကိုယ်တိုင် လမ်းဖောက်ခဲ့ မိတယ်
ရူးလောက်အောင် ချစ်ခဲ့ မိသူကို
ကြီးကျယ်ခမ်းနားတဲ့ စကားလုံးတွေနဲ့ 
သန်းခေါင်းယံအချိန်ထိ အိပ်လို့ မရအောင်
ရွှေရောင်သန်းနေတဲ့ နှုတ်ခမ်းလေး တစ်စုံနဲ့ 
စာနာမှု ကင်းမဲ့စွာ
မတန်ရာ မမှန်းနဲ့ ဆိုတော့
တတ်ရောက်ခဲ့ တယ့် ကြေကွဲသူတို့ ငိုပွဲကို(တကယ်သာ)
ဘဲမတီးပဲ မင်းအကြည့် တွေက ငါ့နှလုံးသားကို ၀င်တိုက်ခဲ့တာပါ
မင်း ရက်စက်ပါ ??????????
လုပ်ရက် လိုက်တာ ချစ်သူ (မင်းရက်စက်တော့)
နေမရှိတဲ့ နေ့ရက် တွေလို ငါဘ၀က မှောင်မိုက်ပြီး
တာဝန်တစ်ခု ကျရောက် ခဲ့တယ်
အပြုံးမလှခဲ့တဲ့ ငါ့ဘ၀ကို
နှစ်ခြမ်းကွဲ အသည်းလို့  နာမည်ပေးပြီ
(၂၀) ရာစုရဲ့ အချစ် ဒဏ္ဍာရီမှာ အသည်းကွဲ ကဗျာတစ်ပုဒ်
ရှိလာခဲ့ဖို့ ငါမျက်ရည် တွေနဲ့ အတူ
ပြီးဆုံးအောင် ငါဆက်ရေး နေပါ့မယ် ချစ်သူရယ်။

(ရေးသား သီကုံးသူ ကဗျာရှင် - ညိုထွန်း)။


ကဗျာလေးထဲမှာ ဖြစ်ရပ်မှန်လေး တစ်ခုပါတယ်။
သေချာဖတ်ကြည့် နော် ။ သေချာဖတ်ကြည့် ။
“ဘာမှ မဟုတ်သော လူ” ဘယ်သူလည်းဆိုတာ။
(သိချင်ရင်တော့ ကဗျာစာတန်း တစ်ကြောင်းချင်းစီရဲ့ စာလုံး အစလေးတွေကိုသာ ဖတ်ကြည့်ပါ)။

ကိုနစ်နေမန်း ဆီမှ ရယူမျှဝေပါတယ်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form