ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အင်းစိန် ထောင်ရှေ့နှင့် ကေတုမာလာတွင် ဆန္ဒပြ


ဒေါ်စုလွတ်မြောက်ရေးအင်းစိန်ထောင်ရှေ့ဆန္ဒပြသူ နိုင်ငံရေး အကျဉ်းသားဟောင်း လေတပ်ဗိုလ်ကြီး ဟောင်းကို စွမ်းအားရှင်နှင့် အရပ်ဝတ်ရဲများမှ ၀ိုင်းဝန်းဖမ်းဆီးစဉ် (ဓာတ်ပုံ-မိုးမခ)
တင်ကျော်ကျော်စိုး | ယနေ့ထုတ် သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီး တရားစွဲ ဆိုထားသည့် ကိစ္စသည် နိုင်ငံရေးအရ အကျိုး တစ်စုံ တစ်ရာ သက်ရောက်မှု မရှိ ဟု စစ်အစိုးရက ပြောကြားပြီး နာရီအနည်းငယ် အတွင်းမှာပင် အင်းစိန်ထောင်ရှေ့နှင့် တောင်ဥက္ကလာ ကေတုမာလာ လမ်းဆုံတို့တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

အင်းစိန်ထောင် ဂိတ်ဝရှေ့ ဆန္ဒပြမှုတွင် အငြိမ်းစား လေတပ် အရာရှိဟောင်း အသက် ၅၆ နှစ်အရွယ်ရှိ ဗိုလ်ကြီး ဇော်ညွန့် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွှတ် ဟူသော စာသားကို အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသည့် ပိတ်စ အဖြူရောင်ကို ကိုင်ဆောင်၍ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ကြွေးကျော်ပြီး ဆန္ဒပြခြင်းဖြစ်သည် ။

ဒေါ်စုလွတ်မြောက်ရေးအတွက် ဆန္ဒပြသူအား ရဲနှင့် အရပ်ဝတ် ထောက်လှမ်းရေးများမှ ချက်ခြင်း ဖမ်းဆီးသွားပြီး ဟိုင်းလပ်(စ်) တိုင်းဂါး အမျိုးအစား အနီရောင် ကားနံပါတတ် ၂ဂ/၉၅၅၉ သို့ တင်ဆောင်သွားသည်။ သူ နှင့် အဖေါ် အဖြင့်ပါလာ ဟန်တူသည့် အမျိုးသား တစ်ဦးကို လည်းရဲမှ ထပ်မံဖမ်းဆီးကာ ကားပေါ်သို့ ထပ်မံခေါ်ဆောင် သွားသည်။

ဒေါ်စုလွတ်မြောက်ရေးအတွက် ထောက်ခံဆန္ဒပြသူ ကို ရဲကဖမ်းဆီးချိန်၌ ထောင်အရှေ့မှ ဆန္ဒထုတ်ဖေါ်သူများ က အနားကပ်လာသော် လည်းလုံ ထိန်းရဲ အဖွဲ့ က ထိုနေရာကို စက်ဝိုင်းခြမ်းပုံစံဖြင့် ၀ိုင်လိုက်ကာ အသင့်ပါလာ အလူမီနီယံ ဒိုင်းနှင့် နံပါတ်တုတ် များဖြင့်
ကာလိုက်သည်။

ယနေ့ ညနေ လေးနာရီခန့် ကလည်း တောင်ဥက္ကလာပ ကေတုမာလာ လမ်းဆုံတွင် ပတ်ဘလစ်ကာ ကားတစ်စီးပေါ်မှ လူငယ် လေးဦး ခန့် ဆင်းလာပြီး ဒေါ်စု လွတ်မြောက်ရေး အတွက်မြန်မာဘာသာဖြင့်ရေးသားထားသော ပိုစတာ တစ်ခုကို လမ်းဆုံရှိ မီတာရုံးတွင် ကပ်ပြီးနောက် ဒေါ်အောင်ဆုကြည်အမြန်ဆုံးပြန် လွှတ်ပေးဟု ကြွေးကျော်ကာ ချက်ချင်းပင် မော်တော်ကား ပေါ်တက် ၍ ဒဂုံမြို့သစ် ဘက်သို့ မောင်းထွက် သွားသည် ဟု မျက်မြင်တွေ့ ရှိသူ တစ်ဦးက Freedom News Groupသို့ ပြောသည်။

ရန်ကုန်မြို့ တွင် အာဏာပိုင်များကလည်း ဆန္ဒပြပွဲ နှင့် ဗုံးပေါက်ကွဲမှု များဖြစ်ပွားလာမည် ဟုအချို့နေရာများတွင် သတိပေးကာ လုံခြုံရေး များတိုးမြှင့် ချထားသည်။

source by : Freedom News Group

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form