နိုင်ငံတကာရှိ မြန်မာသံရုံး များသို့ သတိပေး စာများ ရောက်ရှိခြင်း

ပြည်တွင်းမှ နေ၍ နိုင်ငံတကာရှိ မြန်မာ သံရုံးများသို့ အထူး သတိထား နေကြရန်( ပေါက်ခ်ျ မှ တဆင့် ) အသေးစိပ် လျှိုဝှက် ညွန်ကြားချက်များ နှင့် တပ်လှန့် ထားကြောင်း ခိုင်လုံသော သံတမန် သတင်း ရပ် ကွက်များ မှ တဆင့် သိရှိ ရသည် ။ အချို့ အရေး ကြီးသည့် ထိုင်း ၊ ဂျပန် ၊ အမေရိကား ၊ ကနေဒါ ၊ စသည့် နိုင်ငံများတွင် နေ့ ည မပြတ် အနည်း ဆုံး လူနှစ် ယောက် စီ ကင်း ကျ တာဝန် ယူ ခိုင်း ထား ပြီး နေပြည်တော် နှင် အမြဲ ဆက်သွယ် မှူ မပြတ်ရန် ညွန်ကြားထားသည် ။ သံတမန် မိသားစု ၀င်များ ဆွေ မျိုး သားသမီး များကိုပါ ကင်းစောင့်ရန် နှင့် ကျောင်းသွားခြင်း ၊ ရုံးသွားခြင်း ၊ ဈေးသွားခြင်း တို့တွင် ၊ ဒေသခံ ဒရိုင်ပါတို့ မောင်းနှင်သော သံရုံး ၏ ကားဖြင့်သာ သွားလာရန် ညွန်ကြား ထားကြောင်း သိရသည် ။ သံရုံးသို့ ဖုန်းဆက် လျှင်လည်း မည်သည့် မြန်မာ သံဝန်ထမ်း ကမျှ မကိုင်ရန် နှင့် ဒေသခံ Receptionist များမှသာ ဖုန်းတဆင့် ကိုင်ရန် နှင့်  အင်တာကွန်ဖြင့် မြန်မာဝန်ထမ်း များမှ နားဆင်ရန် နေပြည်တော် မှ ညွန်ကြားထားသည်။

သံရုံး မှ စာရွက် စာတမ်းများကို အမိုက်ပုံးထဲ သို့ မပစ်ရန် ၊ စာရွက် ဖျက်စက်များ သံရုံးတိုင်း အသစ် ၀ယ်ထားရန် ၊ ဒေသ လုံခြုံရေး Alarm Company များ Motions Sensors သုံး မီးလုံးများ၊ ကင်မရာ ရုပ်ဖမ်းစက်များ တပ်ဆင် ထားရန် Budget ခွင့်ပြုထားပြီး ဖြစ်သည်။ အချို့ နိုင်ငံများ ဂျပန် ၊ ထိုင်း စသည် တို့တွင် ဒေသခံ ရဲများကို နာရီ ပြည့်ငှား ထားရန် ၊ အနောက် နိုင်ငံကြီးများတွင် တခါဘူးမျှ မငှားဘူးသည့် ဒေသခံ Security များ ငှားရမ်း အသုံးပြုရန် ညွန်ကြားထားသည် ။ အထူး ညွန်ကြားချက်မှာ သံရုံးတိုင်း မိမိတို့ ရောက်ရှိရာ နိုင်ငံတိုင်းရှိ အာဆီယံ သံရုံး ၀န်ထမ်း များနှင့် မိမိတို့ အဆင့်ဆင့် အလိုက် အထူး ပိုမို မိတ်ဆွေဖွဲ့ ထားရန် ( Lunch အတူ စားခြင်း ၊ လက်ဆောင်ပေးခြင်း ) ညွန်ကြားထားသည်။

သံအမတ်ကြီး၏ နေအိမ်မှ ထမင်းချက် အမျိုးသမီးများမှ အစ ဥယျာဉ်မှူး အဆုံး စနေ ၊ တနင်္ဂနွေ ထွက်လည်ခွင့် ကို ခေတ္တ ပိတ်ထားရန် စသည်တို့ ပါသည်.. ပြည်ပရှိ မိမိတို့ မိသားစုများထံ လိုက်လာရန် ၊ လည်ရန် အသင့် ဖြစ်နေသော ပြည်တွင်းထဲမှ သံတမန် မိသားစု ၊ ဆွေမျိုးစု များကိုလည်း ယာယီ ထွက်ခွင့် ပိတ်ထား လိုက်သည် ။ ထိုထက် ပိုဆိုးသည်မှာ သံရုံး ၀န်ထမ်း အချင်းချင်း ကြား၌ပင်လျှင် အချင်းချင်း အထူးသတိထား စောင့်ကြည့် ကြရန် ၊ အရေး ပေါ် အခြေအနေပေါ် အခွင့် ကောင်းယူ၍ နိုင်ငံ ရေး ခိုလုံ ခွင့် မျိုး ဖြင့် ထွက်မပြေး နိုင်စေရန် သံအမတ် ကို အထူး မှာကြား ထားသည် ။ မည်သည့် မီဒီယာနှင့်မျှ အင်တာဗျူး မလုပ်ရန် ၊ ဒေသဆိုင်ရာ နိုင်ငံခြားရေး ဌာနများ၊ ၀န်ထမ်းများကို အထူး နည်းကပ်စွာ ဆက်ဆံရန် ( ဖါးထားရန် ) ညွန်ကြား ထားသည် ။

နေပြီး စားပြီး US $ ၁၂၀၀ မှ ကျပ် ၄၀၀၀ ကျော် အထိရသော သံရုံး ၀န်ထမ်းများကို လစာ ထပ်မံ တိုးပေးရန် အသံများလည်း ထွက်ပေါ် လျှက်ရှိသည် ။

ဘန်ကောက် သံရုံး အပိုင် စီးမှုမျိုး ကဲ့သို့ ဖြစ်ပေါ်လာလျှင် အဘယ်သို့ အရေးပေါ် လုပ်ဆောင် ရမည်ကိုလည်း သံအမတ်ကြီးကို လျှိုဝှက် သီးသန့် မှာကြားထားသည် …

သူတို့ ဘာကြောင့် ပြည်ပတွင် ဤသို့ ကြောက်နေကြရတာလဲ ?

ရေဘုရင် မိကျောင်းသည်ပင် ကုန်းပေါ် သောင်ပြင်ပေါ်တွင် ဖွတ်ကဲသို့ ပင်ဖြစ်ကြောင်း မိမိကိုယ် မိမိသိရှိကြ၏။

http://canadamyanmar.blogspot.com/

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form