ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks


နေပြည်တော်ရှိ ၀န်ထမ်းအိမ်ရာ တစ်ခု ဓာတ်ပုံ-ISN
ညွန့်သက်ထားဦး | မြန်မာ စစ်အစိုးရ၏ မြို့တော်သစ် ဖြစ်သည့်ပြင် ထိပ်တန်း စစ်ဗိုလ်ချုပ်များ နေထိုင်ရာ နေပြည်တော်တွင် ၀မ်းလျှော ၀မ်းပျက်ရောဂါများ ကူးစက်ပြန့်ပွားနေကြောင်း သတင်းရရှိသည်။ ၀မ်းရောဂါ ဖြစ်ပွားမှုများမှာ ဧပြီလ နှောင်းပိုင်းက နေပြည်တော်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် အလုပ်သမားများ နေထိုင်ရာ မြို့စွန် ရပ်ကွက်များတွင် စတင်ဖြစ်ပွား သော်လည်း မေလဆန်းမှ စ၍ အစိုးရ ရုံးဝန်ထမ်း အိမ်ရာ များတွင်ပါ ကူးစက်နေပြီ ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ၀န်ကြီးရုံးနှင့် ပညာရေး ၀န်ကြီးဌာနတို့ တွင် ၀မ်းပျက်ဝမ်းလျှောရောဂါကြောင့် ခွင့်တိုင်ကြားထားသူ များလာကြောင်း ၀မ်းပျက်နေသူ အများစုမှ နေပြည်တော်ရှိ ပုဂ္ဂလိက ဆေးခန်းများတွင် အများဆုံးကုသကြောင်း သိရှိရသည်။ အစိမ်းရောင်ဇုန် ဟုခေါ်သည့် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များ နေထိုင်ရာ ဒေသတွင် ၀မ်းပျက်ဝမ်းလျှော မရှိသေး သော်လည်း နေပြည်တော် မြို့မ ဈေးသစ်ကြီး အနီးတ၀ိုက်တွင် နေသူများမှာလည်း ၀မ်းရောဂါ ဖြစ်ပွားလျှက်ရှိသည်။

နေပြည်တော်ရှိ ဟိုတယ် တစ်ခုတွင် တာဝန် ထမ်းဆောင်သော အမျိုးသမီး တစ်ဦးက “လာတည်းတဲ့ ဧည့်သည် တွေထဲမှာ ၀မ်းလျှောနေတဲ့ သူတွေ လည်းပါတယ်။ သူတို့ ဆီက ကူးကြတာပဲ ဖြစ်မယ်” ဟု Freedom News Group သို့ ပြောသည်။ နေပြည်တော်တွင် ၀မ်းရောဂါ၊ ၀က်တုပ်ကွေးနှင့် ပတ်သက်သည့် အသိ ပညာပေးမှု များကို မြန်မာနိုင်ငံ၏ အခြားမြို့များထက် ကျယ်ကျယ် ပြန့်ပြန့် လုပ်သည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) မှ ၀က်တုပ်ကွေးနှင့် ပတ်သက်၍ အများပြည်သူ သိရှိနိုင်ရန် အတွက် မြန်မာနိုင်ငံသို့ ပေးပို့ထားသည့် လက်ကမ်း စာစောင်များကိုလည်း နေပြည်တော်ဌာန ဆိုင်ရာ ရုံးများ တွင်သာ ဝေငှသည်။ နေပြည်တော်တွင် ၀မ်းရောဂါ ကူးစက်မှုနှင့် ပတ်သက်၍ အသေအပျောက် မရှိသေးချေ။

source by : FREEDOM NEWS GROUP

1 comments:

DTS said...

ဒီသတင်းကို http://yamuna-clinic-delhi.blogspot.com/ မှာ ဖေါ်ပြခွင့်ပြုပါခင်ဗျား။