မြန်မာ့ကမ်းရိုးတန်းသို့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်နိုင်

ယခု မှ ထုတ်ပြန်သော နအဖ မှ မုန်တိုင်း ကြေငြာချက်
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် Bijli အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း ဒေသသို့ ဝင်ရောက် တိုက်ခတ်နိုင်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မုန်တိုင်း သတိပေးချက် ထုတ်ပြန် ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ မိုးလေဝသ ဌာနမှ ဧပြီ(၁၆)ရက် (၁၈း၃၀)အချိန်ထုတ်ပြန်သည့် မုန်တိုင်း သတိပေးချက်

ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း Bijliသည် အန္ဒိယနိုင်ငံ Vishaakhaapatnam၏ အရှေ့ဘက် မိုင်(၁၈၀)အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်-အနောက်မြောက် အရပ်ဆီသို့ တစ်နာရီလျင် (၁၃)မိုင်နှုန်းဖြင့် ဦးတည်ရွေ့လျားနေပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကို ဖြတ်သန်းတိုက်ခတ်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိအခြေအနေတွင် ဆိုင်ကလုန်း Bijli သည် လိမ္မော်ရောင် (Category 2) အဆင့် မုန်တိုင်း ပြင်းအားတွင် ရှိနေပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်းဆီသို့ ဦးတည်နေကြောင်း သိရသည်။ မုန်းတိုင်း ဖြတ်သန်းတိုက်ခတ်မည့် ရခိုင်ကမ်းရိုးတန်း ဒေသများတွင် ပင်လယ် ရေမျက်နှာပြင်မှာ (၅)ပေမှ(၇)ပေအထိ မြင်တက်လာနိုင်သည်။ ထို့အတူ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း ဒေသ များတွင်လည်း အများဆုံး (၃)ပေမှ(၄)ပေ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနိုင်သည်။

ရခိုင်ကမ်းရိုးတန်းတလျှောက် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျင် မိုင်(၆၀)မှ (၇၀)အထိ ပြင်းထန်နိုင်ကြောင်း သိရသည်။ မြန်မာ့ပင်လယ်ပြင်ရှိ လှေ၊ သင်္ဘောများအားလုံးကို လှိုင်းကြီး၍ လေပြင်းတိုက်ခတ်နိုင်သည့် ရေကြောင်းနေရာများမှ ဧပြီ(၁၈)ရက်နေ့အထိ ရှောင်တိမ်းမောင်းနှင်ကြရန် မိုးလေဝသဌာနမှ သတိပေးထားသည်။

source by : http://www.planet.com.mm/news/read.cfm/id/12296

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form