လေတိုက်မှုနှုန်း၊ မြေအောက် ပြတ်ရွေ့များနှင့် တံတား၏ ခံနိုင်ရည်ဝန်အားတို့ ကြောင့်ထိုသို့ ဖြစ်ပေါ်ခြင်း ဖြစ်ပြီး ရေလည်တိုင် မြေအောက်သို့ နိမ့်ဆင်းမှုသည် ဖေဖေါ်ဝါရီလ ကတည်းက စတင် ဖြစ်ပေါ်နေသည် ဟုသိရသည်။ထိုသို့ နိမ့်ဆင်းမှုသည် လတ်တလော တွင်ဆိုးဆိုး ရွားရွား မဖြစ်သေးသော် လည်း ပြုပြင်မှု နောက်ကျပါက တံတားကြိုးကျ သွားသည် ထိဖြစ်ပေါ် နိုင်သော်လည်း တံတားကို ပိတ်ထားခြင်း မရှိဘဲ ဖြတ်သန်း သွားလာ နိုင်သည်။
မန္တလေး ဆောက်လုပ်ရေး မှ အင်ဂျင်နီယာမှုးကြီး အပြင် စစ်အင်ဂျင်နီယာ တပ်မှ တိုးတိုးတိတ်တိတ် လာရောက်၍ မတ်လ ၂၆ ရက် နေ့ မှ စကာရတနာပုံတံတားသစ် ကိုပြန်လည် စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်သော်လည်း ပြည်သူများကို မူ လုံးဝ အသိပေးမှု မပြုသေးချေ။
မတ်လ ၂၉ ရက်နေ့ က တံတား ပြင်ဆင်ရာသို့  မန္တလေးတိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ် တင်ငွေ နှင့် အတူ နေပြည်တော် မှ ဗိုလ်မှုးချုပ် တစ်ဦး ပါဝင်သည်ဆို သည့် အထူးအဖွဲ့ ရောက်လာ ကာမှ ပင် မန္တလေးသား အချို့လည်း တံတားကြီး အခြေအနေ ကိုသိရသည် ဟုဆိုသည်။
တံတားကြီး၏ ခွင့်ပြုတန်ချိန်မှာ တန် ၆၀ အထိသာ ဖြစ်သော်လည်း မြန်မာ-အိန္ဒိယ နယ်စပ် ဖက်သို့ စစ်လက် နက်ကြီး (အမြှောက်) များကို ကားဖြင့် ဖြတ်၍ တင်ပို့ မှုများကြောင့် လည်း တံတားကြီးမှာ ထိုသို့ ဖြစ်ရသည် ဟု တံတားအနီး နေသူတစ်ဦး ကFreedom News Group သို့ ပြောသည်။
ရတနာပုံ တံတားသစ်ကြီးမှာ မူလ စစ်ကိုင်းတံတား သစ်ကြီး၏ မြောက်ဘက် တွင်ရှိပြီး ၂၀၀၂ ခုနှစ်တံတားကြီးကို စတင် တည်ဆောက်စဉ် အချိန် က ထိုနေရာမှာ လေတိုက် နှုန်းပြင်းထန်၍ မဆောက်သင့် ဟု ကျွမ်းကျင်သူ များက အကြံပြုခဲ့သော် လည်း စစ်ခေါင်းဆောင် များက ပယ်ချခဲ့သည် ။တံတား တည်ဆောက်စဉ်အချိန်က အင်ဂျင်နီယာ တစ်ဦးအပါ အ၀င် အလုပ်သမား ၂၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။
source by : http://longwalktofreedom.wordpress.com/