ထိုင်းနိုင်ငံရေး ပိုမို ရှုပ်ထွေးနေ


ဆေးရုံပေါ် မှ PAD ခေါင်းဆောင် ဆွန်ထိ လင်သောင်ကူး ဓာတ်ပုံ-နေးရှင်း
Freedom News Group | ပတ္တယားတွင် ကျင်းပသည့် အာဆီယံ စည်းဝေးပွဲ ပျက်ကတည်းက ထုတ်ပြန် ထားသည့် အရေးပေါ် အခြေအနေ ကို ထိုင်းဝန်ကြီးချုပ် အဘိဆစ်က ဧပြီလ ၂၄ ရက် သောကြာနေ့ နံနက် ၁ နာရီ တွင် ပြန်လည် ရုပ်သိမ်း ခဲ့သည်။ ထိုအမိန့် ကို ဧပြီ လ ၁၂ ရက်နေ့ ကတည်းက ဘန်ကောက် အပါအ၀င် ခရိုင်ငါးခုတွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင် လိုလားသည့် အနီဝတ် များ ၏ ဆူပူ ဆန္ဒပြမှုကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ရခြင်းဖြစ်သည်။ထို ဆန္ဒပြ မှု များကို အဘီဆစ် က လုပ်ပိုင်ခွင့် အာဏာ အပြည့် အ၀ သုံးပြီး နှိမ်နှင်းခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၁၂၃ ဦးဒဏ် ရာရရှိသည်။

အဘီဆစ်က ထိုသို့ အရေးပေါ် အခြေအနေ မရုပ်သိမ်းခင် အချိန်အတွင်းမှာပင် အာရပ် စော်ဘွားများ ပြည်ထောင်စုတွင် ခြေကုပ်ယူ၍ ထိုင်းနိုင်ငံရေးကို လှုပ်နေသော သက်ဆင်မှာ အာဖရိကတိုက် လိုင်ဘေးရီးယား နိုင်ငံသို့ထွက် ပြေးသွားပြီ ဖြစ်သည်။

ထိုင်းအစိုးရ ဖမ်းဝရမ်း ထုတ်ထားပြီး သက်ဆင် ၏ နိုင်ငံကူးလက်မှတ် ကို ဖျက်သိမ်းခဲ့သော်လည်း နီကာရာဂွာ နိုင်ငံ က သူ့အား သံတမန် နိုင်ငံကူး လက်မှတ် ထုတ်ပေးခဲ့သည် ။

သက်ဆင် အတွက် နီကာရာဂွာ နိုင်ငံက ထုတ်ပေးထားသည့် သံတမန် နိုင်ငံကူးလက်မှတ်
ယခင်အပတ်က လုပ်ကြံခံရသည့် ဘေးမှ လွတ်မြောက်ခဲ့သည့် PAD ခေါင်းဆောင် နှင့် မီဒီယာ သူဌေးကြီး ဆွန်ထိလင် သောင်ကူး လုပ်ကြံ ခံရခြင်းတွင် အဓိက ကြိုးကိုင်သူ မှာ သက်ဆင် ဖြစ်သည် ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကဆစ်က စွပ်စွဲထားသည်။

ဆွန်ထိအား လုပ်ကြံရာတွင် အသုံးပြုသော သေနတ်ကျဉ်ဆံများမှာ ထိုင်းစစ်ဒေသ ၁ အမှတ် ၉ ခြေလျှင်တပ်ရင်း မှ စစ်သားများ သေနတ်ပစ် လေ့ ကျင့်ရာ တွင် အသုံးပြုသော ကျဉ်ဆံများ ဖြစ်သည် ဆိုခြင်းကြောင့် ထိုင်းနိုင်ငံရေးမှာ ပိုမိုရှုပ်ထွေး လျှက်ရှိသည်။

ထိုင်းအနီဝတ် ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဂျာကရာပေါဒ်ကမူ ဆမာဆခန်မှ နေ၍ လှုပ်ရှားမှုပြန်စမည် ဟု ယနေ့သတင်း ထုတ်ပြန်သည်။

ကြည်းတပ် စစ်ဦးစီးချုပ် အနုပေါင် ကမူ ထိုကိစ္စကို အဖြစ်မှန် ပေါ်ပေါက်အောင် စုံစမ်းပေးမည်ဟု အာမခံသည်။

ထိုင်းနိုင်ငံတွင်း မငြိမ်မသက်မှု များကြောင့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများ လာရောက်မှု ကျဆင်းပြီး တိုင်းပြည် ၀င်ငွေ အနည်းဆုံး အမေရိကန် ဒေါ်လာ ၁.၅ ဘီလျှံ ထိဆုံးရှုံးခဲသည်။

source by : http://longwalktofreedom.wordpress.com/

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form