အလောင်းတော်ကဿပတွင် ထူးခြားမှုများ နှစ်စဉ်ပေါ်ထွန်း

မုံရွာခရိုင်
ကနီမြို့နယ်အတွင်း တည်ရှိသော အလောင်းတော် ကဿပဒေသသည် မုံရွာ မြို့တစ် ဘက်ကမ်းညောင်ပင်ကြီးဆိပ်မှ မိုင် ၆ဝ ကျော် ကွာဝေးပါသည်။ ယခုနှစ် တပို့ တွဲလပြည့်နေ့က အလောင်း တော်က ဿပ ပရိနိဗ္ဗာန်ပြုရာ စံ ကျောင်းတော် ကျောက် သားတံခါး ပွင့်ဟမှုဖြစ်စဉ်ကို ရန်ကုန်မြို့မှ ဘုရားဖူး လာရောက်သူ အမျိုးသမီး တစ်ဦးမှ မှတ်တမ်းတင် ဗီဒီယို ရိုက် ကူးနိုင်ခဲ့သည်ဟု ဆိုပါသည်။ ဒေသ ခံများ၏ ကိုယ်တွေ့၊ ပြောပြချက် အရမူ အလောင်းတော် ကဿပ တွင် နှစ်စဉ် တပို့တွဲလပြည့်နှင့် တပေါင်းလပြည့်နေ့များတွင် ထူးခြား မှုဖြစ်ပေါ်လေ့ ရှိကြောင်း သိရပါ သည်။ ရှေးယခင်က အလောင်း တော် ကဿပသို့ ဘုရားဖူးသွားလို လျှင် ခြေလျင်ခရီးသာရှိပြီး ယခု အခါ ပွင့်လင်းရာသီတန်ဆောင်မုန်း လမှစတင်၍ တန်ခူးလသင်္ကြန် မတိုင်မီအထိ မော်တော်ယာဉ်များ ဖြင့် စိတ် ချမ်းမြေ့စွာ သွားလာ နိုင်ပါ ပြီ။

မြေခင်းဧရိယာ ကျယ်ဝန်း သော ချောင်းမကြီးစခန်းတွင် ယာဉ် ရပ်နား၍ တစ်မိုင်ခရီး ကို ခြေလျင် လျှောက်ရုံ သာပင်။ အလောင်းတော် ကဿပတွင် တည်းခိုစခန်းများ၊ စား သောက်ဆိုင်တန်းများ သီးခြားတည် ရှိပြီး အရှေ့ဘက်ယွန်းယွန်း မနီးမ ဝေးတွင် ကြေးပြာသာဒ် စံကျောင်း တော်ဖြင့် အလောင်းတော်ကဿပ ကိုယ်စားတော်အား ဖူးမြင်နိုင် သည်။ ကိုယ်စားတော်၏ ဦးခေါင်း တော်အောက် တည့်တည့် လိုဏ်ဂူ အတွင်းမှာ အလောင်းတော်၏ ခြေ တော်အစုံတည်ရှိသည်။ Óဏ်တော် ၁ဝ တောင်ရှိပြီး အနောက်မြောက် ဆီသို့ ဦးခေါင်း ထား၍ ပရိနိဗ္ဗာန်ပြု နေဟန် ရဟန္တာပုံ သဏ္ဌာန်ဖြစ်ပါ သည်။ မူလဒါယကာမှာ အဇာတ သတ်မင်း ဟုဆိုကြသည်။

စံကျောင်းတော်မြောက်ဘက် အုတ်လှေကားငယ်အတိုင်း ဆင်း သွားပါက တောင်ခြေလျှိုထဲသို့ ရောက်ပါမည်။ ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရတောင်သုံး လုံး ဆုံရာအရပ် ဖြစ်ပြီး ဝေဘာရတောင်အလယ်တွင် စံကျောင်းတော် တည် ရှိသည်။သမိုင်း ဟောင်း ပေစာများ အဆိုအရ အလောင်းတော်ကဿပမထေရ် သည် ကောဇာသက္ကရာဇ် ၁၅၄ ခု၊ တပို့တွဲလပြည့်၊ အင်္ဂါနေ့၊ သက် တော် ၁၂ဝ၊ ဝါတော်သိက္ခာ ၅ဝ ပြည့်တွင် ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ သည်။ ဝေဘာရတောင်အလယ်ဗဟို အတွင်းတွင် အလျား၊ အနံ၊ အမြင့် ၃၅ တောင်စီ စတုရန်းညီမျှသော ဂန္ဓကုဋီ တိုက်တော်ရှိသည်။ တိုက် တော်အတွင်း ကြေးပြာ သာဒ်ကြီးဖြင့် မြသလွန် ညောင်စောင်းပေါ်တွင် ရှင် မဟာကဿပ သည် မြောက်သို့ ဦး ခေါင်းပြုကာ လက်ယာနံတော် စောင်း၍ ပရိနိဗ္ဗာန်ပြုတော်မူပါ သည်။ စံကျောင်းတော်တွင် အတောင် ၅ဝ စီခြား၍ ရွှေတံခါး၊ ငွေတံခါး၊ ကျောက်တံခါး ၃ တန် ဖြင့် ကာရံထားသည်။ အချို့ သမိုင်း တွင် အလောင်း တော်ဘေး၌ ထွန်း ညှိထားသော ရွှေ၊ ငွေ၊ မြ၊ ပတ္တမြား ဖယောင်းတိုင် (၄) တိုင်အား ကုသိုလ်ရှင် အဇာတသတ်မင်းကြီး ကအဓိဋ္ဌာန်ပြုခဲ့သဖြင့် အရိမေတ္တ ယျ ဘုရားပွင့်တော်မူရာကာလ အလောင်းတော်ကဿပ တေဇော ဓာတ်ကျွမ်းလောင်ပြီးမှ ငြိမ်းမည်ဟု ဆိုပါသည်။

တောင်သုံးလုံးဆုံရာ အောက် ခြေရှိ လိုဏ်အတွင်းမှ ကျောက်တံ ခါးကို စံကျောင်းတော်တံခါးဟု ဘုရားဖူးများက ယုံကြည်ကြပြီး အထက်ဘက်ရှိ ကိုယ်စားတော် အား လှူဖွယ်အမျိုးမျိုးကပ်လှူကြ၍ ကျောက်တံခါးတွင်မူ အလောင်း တော်အား ရည်မှန်း၍ ရွှေသင်္ကန်း ကပ်လှူခြင်း၊ ကျောက်တံခါး ပွင့်ဟ နေသောကြားမှ ဝတ္ထုနှင့် လက်ဝတ် ရတနာများ လှူဒါန်းကြလေ့ ရှိသည်။

ထူးခြားမှုများ

လွန်ခဲ့သော နှစ် ၆ဝ ခန့်က ဆိုလျှင် ကျောက်တံခါးဝလိုဏ်ဂူ အတွင်း၌ စံကျောင်းတော်ထဲသို့ စီး ဝင်သော ချောင်းငယ်လေးရှိသည်။ ဆွမ်းတော်ပွဲကို ဖောင်ငယ်ပေါ်တင် ၍ အဓိဋ္ဌာန်ပြု လှူဒါန်းပါက အောက်ဥမင်ဝတွင် လှူဖွယ် များ ပါမလာတော့ဟု သိရသည်။ ယခု အခါတွင်မူ ထိုချောင်းငယ်မှာ သဲ များဖြင့် ပိတ်ဆို့သွား၍ ကွန်ကရိ လျှောက်လမ်းခင်းပေးထားပါသည်။ ထို့အတူ ကျောက်တံခါးရှေ့ သဲ သောင်တွင် အဓိဋ္ဌာန်၍ ရွှေ၊ ငွေမြှုပ် နှံပြီးမည်၍မည်မျှ ကိုဖြင့် အဆောင် အဖြစ် ပြန်စွန့်တော်မူပါဟု ဆု တောင်းလျှင် ပြန်၍တူး ဖော်သော အခါ ထိုပမာဏအတိုင်း ရရှိခဲ့သည်။ ယခုခေတ်တွင်လည်း ကျောက် တံခါး ကြားတွင်ဝတ္ထုငွေကပ်လှူပြီး ဆောင် ထားလိုသောဆန္ဒဖြင့် ရှိခိုးဝတ်ပြု ပြီး ပါက ဆောင်ရမည့် ဝတ္ထုသာ ကျန် သော ဖြစ်စဉ်များကို ကိုယ်တွေ့ကြုံ သူများ အများအပြားရှိသည်။
ခြေတော်ရာ

ရှင်မဟာကဿပ မထေရ်ကြီး သည် မဏိပူရမှ တောင်သုံးလုံးဆုံ ရာအရပ် သို့ကြွတော်မူရာတွင် မင်း ကင်းမြို့နယ်၊ နှင်းကြီးရွာမှ ၄ မိုင်ခန့် အကွာ အညာ လယ်ရွာတွင် ခြေ တော်ရာတစ်ဆူ ချတော်မူခဲ့သည်။ ယခုအခါ ဘုန်းတော်ကြီး ကျောင်း ဝန်းအတွင်း တည်ရှိပြီး ခြေတော်ရာ ပေါ်မှ မြေပေါက်လိုဏ် စေတီ တည် ထားသည်။

သပိတ်ဆေးချောင်း

ပုထိုးလုံးချောင်းအနီးရှိ ချောင်း ငယ်တစ်ခုမှာ ရှင်မဟာကဿပ မထေရ် ဆွမ်းဘုဉ်းပေးတော်မူပြီး သ ပိတ်တော်ဆေးခဲ့လို့ သပိတ်ဆေး ချောင်းဟု ခေါ်သည်။ချောင်းအတွင်း ၌ ဆွမ်းလုံးသဏ္ဌာန်ကျောက်ခဲများ ယနေ့တိုင် တွေ့မြင်နိုင်သည်။

သင်္ကန်းလှန်းကျောက်ဖြာ

ဘုရားဝစခန်းအောက် (လေး မိုင်) အကွာရှိကျောက်ဖြာအနီးမှာ မထေရ်ကြီး အနားယူတော်မူပြီး ဘုရားရှင်နှင့် သင်္ကန်းချင်းလဲလှယ် ထားသော ပံ့သကူဒုကုဋ်နှစ်ထပ် သင်္ကန်းကြီးကို ကျောက်ဖြာပေါ် တွင်ဖြန့်လှန်းခဲ့သည်။ ကျောက်ဖြာ ပေါ်မှာ ဒုကုဋ်သင်္ကန်းအကွက် များနှင့် သင်္ကန်းအနားပတ်နေရာ အကွက်များ ယနေ့တိုင်ထင်ကျန်နေ ပါသည်။

ကျီးဖိုနှင့်ကျီးမ

အလောင်းတော် ကဿပ မရောက်မီ ချောင်းမကြီးစခန်းရှိ သစ်ပင်ကြီးများပေါ်မှ ကျီးဖို၊ ကျီးမ နှစ်ကောင်တို့သည် ဆီးကြိုနှုတ်ဆက် ဟန်ပြုကြပြီး ဘုရားဖူးလာသူတို့ရှေ့ မှလမ်းပြပျံသန်းသည်ကို အခေါက် တိုင်းကြုံဖူးသူများရှိပါသည်။

ကျောက်တံခါးဖွင့်၍ ဖူးခွင့်ရခဲ့သူများ

ကနီမြို့နယ်၊ ယာကြီးအုပ်စု၊ ရွာမကျေးရွာမှ မောင်ထွန်းကြိုင်၊ မောင်ကျော်၊ ဒေါ်မိဒေါင်း၊ ဒေါ် ကြွားတင် စသူတို့ပါဝင်သော ၁ဝ ဦးအဖွဲ့သည် လွန်ခဲ့သောနှစ် ၃ဝ၊ ၁၃၄ဝ ခု၊ တပေါင်းလပြည့်ကျော် ၂ ရက်၊ နံနက် ၈ နာရီက အလောင်း တော်ကဿပအောက် လိုဏ်ဂူ ကျောက်တံခါးဝတွင် ဖူးမြော်နေကြ သည်။ ထိုသူတို့ရှေ့၌ အလွန်ကြည် လင်တောက်ပသော အလင်းရောင် အလုံးတစ်လုံးပေါ်လာကာ တဖြည်း ဖြည်းငယ်ရာမှ ကြီးလာပြီး လိုဏ်ဂူ ကြီးတစ်ခုလုံး လင်းထိန်သွားသည်။ ရှေးဦးစွာ အလောင်းတော်၏ ခေါင်း ရင်းဘက်မှ ရွှေစေတီတစ်ဆူပေါ် လာပြီး မကြာမီအလောင်းတော် အစစ်အား ကျောဘက်မှဖူးမြင်ခွင့်ရ ခဲ့ကြသည်။

တောပွဲ၊ မြို့ပွဲ

အလောင်းတော်ကဿပမှာ အစည်ကားဆုံးပွဲတွေက တပို့တွဲ လပြည့်ထမနဲ စတုဒီသာပွဲနှင့် တပေါင်းလပြည့် ဆွမ်းဆန်စိမ်း လောင်း လှူပွဲတို့ဖြစ်သည်။ ထမနဲပွဲ တွင် မြန်မာနိုင်ငံအရပ်ရပ်မှ ကား ကြီးကားငယ်အသွယ်သွယ်ဖြင့် လာ ရောက်ကြသော မြို့ပွဲဖြစ်သည်။ တပေါင်းလပြည့်တွင်မူ မင်းကင်း၊ ကနီ၊ ယောဒေသများမှ ခြေလျင် ဘုရားဖူးလာကြ သူများ၏ပွဲဖြစ် သည်။ သံဃာတော်များအား ဘုရား ဖူးများက အောက်လိုဏ်ဂူမှအထက် လိုဏ်ဂူအထိတန်းစီ၍ ရေသိမ်အပြီး တွင်လှူဖွယ်များ လောင်းလှူလေ့ ရှိသည်။ မွန်းလွဲ ၁ နာရီကျော် ခန့် တွင်အောက် လိုဏ်ဂူအဝင်ဝ ဘယ် ဘက်ဘေးရှိ ဂူအတွင်းတွင် အလင်း ရောင်အလုံးအရွယ်စုံ ကူးယှက်လှုပ် ရှားသည်ကို ယနေ့တိုင်နှစ်စဉ် တပေါင်းလပြည့် မွန်းလွဲ ၁ နာရီမှ ၂ နာရီအတွင်းတွင် မိနစ်ပိုင်းခန့်မြင် တွေ့ရမြဲဖြစ်သည်။

သဒ္ဓါတရား ထက်သန်သူတို့၏ ယုံကြည်မှု ကြီးမားချက်အရ အလောင်းတော်ကဿပ ဘုရားဖူး ရာတွင် ထူးခြားစွာ ဖြစ်ပေါ်မှုများ ကိုနှစ်စဉ်တပို့တွဲလပြည့်နှင့်တပေါင်း လပြည့်နေ့များ၌ ဖူးမြင်နေရဆဲဖြစ် ပါသည်။

ကိုညိုလုံး

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form