ဇန်နဝါရီ ၂၆ ရက်နေ့တွင် နေကြတ်မည်

၂၀၀၉
ခုနှစ်အတွင်း နေကြတ်မှု(၂)ကြိမ်နှင့် လကြတ်မှု(၃)ကြိမ် ဖြစ်ပေါ်မည် ဖြစ်ပြီး ပထမအကြိမ် နေကြတ်မှုအဖြစ် ၂၀၀၉ ခုနှစ် ဇန်နဝါရီလ (၂၆) ရက် နေ့တွင် နေအရိပ်ကြတ်ခြင်း ဖြစ်ပေါ်မည်ဟု သိရသည်။

နေကြတ်မှု စတင်ချိန်မှာ မြန်မာစံတော်ချိန် ညနေ (၃)နာရီခွန်ခန့်မှ စတင်ပြီး ညနေ (၄)နာရီခွဲခန့်တွင် နေကြတ်မှုပမာဏ အများဆုံး ဖြစ်ကာ ညနေ (၅)နာရီ (၂၅) မိနစ် ခန့်တွင် နေကြတ်မှု ဖြစ်စဉ် ပြီးဆုံးမည်ဖြစ်သည်။ ဇန်နဝါရီ (၂၆) ရက် နေကြတ်ခြင်းကို ရန်ကုန်မြို့မှ ကြည့်ရှုလျင် သုံးပုံ တစ်ပုံခန့် ထိမြင်တွေ့နိုင်ပြီး မန္တလေးမြို့နှင့် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများမှ ကြည့်ရှုလျင် ငါးပုံ တစ်ပုံခန့်ထိ နေကြတ် သည်ကို မြင်တွေ့ နိုင်မည်ဟု ဆိုသည်။

နေကြတ်ခြင်းကို ကြည့်ရှုမည်ဆိုလျင် အနည်းဆုံး ဂဟေဆော်သည့် နေရာတွင်သုံးသည့် အနက်ရောင် မှန်ပြားသုံးပြီး ကြည့်သင့်ကြောင်း၊ တယ်လီစကုပ်၊ မှန်ပြောင်းတို့ဖြင့်လည်း မကြည့်သင့်ကြောင်း သိရသည်။ ဒုတိယအကြိမ် နေကြတ်မှုမှာ အလုံးစုံ နေကြတ်ခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ် ဇူလိုင်လ(၂၂)ရက်တွင် ဖြစ်ပေါ်မည် ဖြစ်သည်။ ဒုတိယအကြိမ် နေကြတ်မှုမှာ မြန်မာနိုင်ငံ၌ မိုးရာသီကာလ ဖြစ်သောကြောင့် ရာသီဥတုသာယာပါက မြင်တွေ့နိုင်မည်ဟုသိရပြီး တရုတ်-မြန်မာ နယ်စပ်မှ ပိုမိုမြင်တွေ့နိုင်မည် ဖြစ်သည်။ ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ပေါ်မည့် လကြတ်မှု (၃)ကြိမ်ကိုမူ မြန်မာနိုင်ငံမှ မြင်တွေ့ရမည် မဟုတ်ကြောင်းလည်း သိရသည်။

1 Comments

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form