ပန်ကြားချက် (သတင်းကောက်နှုတ်ချက်)

ဒီကနေ့ သတင်းများ ကြေငြာမည့်သူက ကိုဟန်လင်းထွန်းဖြစ်ပါတယ်။့ ရှင့့်

မြန်မာ့ အမှောင်(ဘယ်တော့မှ မလင်းတဲ့ကြောင့် မှောင်သွားရခြင်း) သတင်းများမှ ကောက်နှုတ်ချက်မျာ့း့

နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး အမှုရှောင် အုပ်နာထကြီး ဗိုလ်ကုတ်မှုးကြီး သမ်းစွေ မှ ပြည်ပရောက် မြန်မာပြည်သူများ အား ပန်ကြားချက့့်

ပြည်ပရောက် မြန်မာပြည်သူ ပြည်သားမျာ့း့ ခင်ဗျာ့ (ရိုသေတာ အကောင်းမမှတ်နဲ့)

ကျနုပ်တို့ မြန်မာပြည်သူပြည်သား ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့်အပေါ်မှာ ကျနုပ် ဟာ များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ အခုအချိန်အခါမှာ ကမ္ဘာနဲ့အ၀ှမ်း စီးပွားရေး ကပ်ဆိုက်နေကြသည့်ကြောင့် ပြည်ပရောက် မြန်မာပြည်သူ ပြည်သားများ ဒုက္ခရောက်ကြသည် အတွက် များစွား ၀မ်းနည်းကြေကွဲရပါတယ်။ ကျနုပ်တို့ ပြည်ပမှာထားရှိတဲ့ သံရုံးများကို လူကြီးမင်းတို့ကို ကူညီဖို့ (လာရောက်အကူအညီတောင်းတဲ့အခါ အခွန်များများယူပြီး နင်တို့ဟာ နင်တို့လာတာ ဘာတွေလာပြောနေတာလဲလို့ ပြောလွှတ်ဖို့)ညွန့်ကြားထားပါတယ်။ အချိန်မရွေးသွားရောက် အပြောအဆို အပေးအကမ်းလုပ်နိုင်ကြောင်း အသိပေးအပ်ပါတယ်။

အခုဆိုရင် ကျနုပ်တို့ မြန်မာပြည်မှာ အလုပ်အကိုင်များစွာ ပေါများလျှက်ရှိပါတယ်။ စိုက်ပျိုးရေးဘက်မှာဆို အလုပ်အကိုင်များစွာ ပိုရှိပါတယ်။ ကြက်ဆူပင်စိုက်ပျိုးခြင်းဖြင့် နိုင်ငံတာဝန်ကို ထမ်းဆောင်ပြီး ကိုယ်ကိုတိုင်လည်း မငတ်ရုံတမယ် ရှာစားဖွေစားနိုင်ပါတယ်။

စက်ရုံအလုပ်ရုံ အလုပ်သမ များအတွက် တစ်လကို မြန်မာငွေ ၂၅၀၀၀ ကြီးများတောင် ရရှိတဲ့ အလုပ်ကောင်းများစွာရှိပါတယ်။ စက်ရုံပိုင်ရှင် နိုင်ငံခြားသားများမှ ကန်ခံရခြင်းကြောင့် ပင်ပန်းနွမ်းနယ် ညောင်းညာမှုပြေပျောက်နိုင်ပါတယ်။

အသက် ၁၀ နှစ်မှ ၁၅ အောက်ငယ်ရွယ်သူတွေအတွက် စားသောက်ဆိုင် လ္ဘက်ရည်ဆိုင်းကြီးများတွင် စားပွဲထိုးအလုပ်ကြီးများကိုလည်း ပြည့်ပြည့်၀၀ လုပ်ဆောင်နိုင်ပါတယ်။

အသက်ကြီးရွယ်အိုများအတွက်လည်း လွတ်လပ်စွာ တောင်းရမ်းစားသောက်ခွင့် လက်မှတ်များကို ဈေးနှုန်းချိုသာစွာဖြင့် နေရာအနှံ့ပြားမှာ ရောင်းချပေးလျှက်ရှိပါတယ်။

မြန်မာ့အမျိုးသမီးများ အနေနဲ့လည်း အမျိုးသမီးစွမ်းဆောင်ရှင်များနှင့် ပေါင်းပြီး မငတ်တငတ် ရှာစားနိုင်ပါတယ်။ နိုက်ကလပ်များတွင် အလုပ်လုပ်ခြင်း ၊ ကားယားအိုကေများတွင် လှလှပပ ၀တ်ဆင်ပြီး ပျော်ပျော်ရွှင်ရွှင် သီချင်းဆိုရင်းဖြင့် ရှာစားဖွေစားနိုင်ပါတယ်။

မြန်မာ့အိုင်တီပညာရှင်များအနေနဲ့လည်း အနောက်နိုင်ငံများ ၊ ပြည်တွင်းပြည်ပမှ ပုဆိန်အရိုးများကို ကာကွယ်ရန် ၀က်ဆိုက်များ ဟတ်ခြင်း ၊ အီးမေးများ ဖောင့်ခြင်း ၊ အစိုးရကောင်းကြောင်းများကို နိုင်ငံတကာသိစေရန် နှင့် ပြည်တွင်းနည်းပညာတိုးတက်ရေးအတွက် လာရောက် ပူးပေါင်းပါဝင်ဖို့ ဖိတ်ကြားအပ်ပါတယ်။ အလုပ်စစ၀င်ခြင်းနေ့တွင် ကွန်ပြူတာ(( ပြည်ပ နိုင်ငံရေး အတိုက်အခံများကို စုံးစမ်းထောက်လှမ်းရန်အတွက် ပို့ဆောင်ထားသည့် ထောက်လှမ်းရေးများ အလုပ်မရှိသည့်အခါ လမ်းဘေးမှာ လွှတ်ပစ်ထားသည့် ကွန်ပြူတာများကို ပြည်တွင်းနည်းပညာရှင်များဖြင့် ပြန်လည် အလှဆင်ထားသည့် ကွန်ပြူတာ)) တစ်လုံး အခမဲ့ ရရှိမည်ဖြစ်သည်။

စက်မှုလုပ်သားများအနေနဲ့လည်း မြန်မာပြည်မှာ စက်မှုလုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းများ များစွာရှိပါတယ်။ သံစီ သံကွေးများ ၊ ၀ရိတ်စော်ခြင်းများ စသဖြင့်များစွာရှိပါတယ်။

တိုင်းပြည်ကိုချစ်တဲ့ နိုင်ငံးရေးသမား မျိုးချစ်အာဇာနည်တွေအတွက်လည်း (သင့်အားတပ်မတော်မှ အလိုရှိသည် ဆိုင်းပုဒ်များဖြင့်) အလုပ်အကိုင် များစွာစီစဉ်ထားပါတယ်။

ပုံ ///////

အုပ်နာထကြီး ဗိုလ်ကုတ်မှုးကြီး
သမ်းစွေ (စကားမပီလို့)
ကိုဟန်လင်းထွန်း ဘလော့ဂ်မှ ပြန်လည် မျှဝေပါတယ်.. ကိုဟန်လင်းထွန်း အားများစွာ ကျေးဇူးတင်ရှိပါတယ်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form