ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

၁၈ ရက် ၊ ၁၀လ ၊ ၂၀၀၈ ခုနှစ်တွင် ကြရောက်သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၏ ( ၄၆ ) နှစ်မြောက် မွေးနေ့ အခမ်းအနားကို ယမန်နေ့ ည ၉း၃၀ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဘူကစ် ဆာဒန်း နယ်မြေရှိ မြန်မာလူငယ်များမှ စုပေါင်း ဂုဏ်ပြု ကျင်းပကြ၍ မလေးရှားရောက် မြန်မာများ အပါအဝင် မြန်မာအရေးကို စိတ်ဝင်စားသော ဒေသခံ နိုင်ငံသားများ တက်ရောက်ကြပါသည် ။

အခမ်းအနားကိုဦးဆောင် ကျင်းသည့် လူငယ်များမှ မွေးနေ့ အခမ်းအနားကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားပြီး ၊ အဖွဲ့ အစည်းများမှ ပေးပို့လာသော မွေးနေ့ သဝဏ်လွှာများကိုဖတ်ကြားကာ ၊ အခမ်းအနားသို့ တက်ရောက်လာသည့် မလေးရှားရောက် မြန်မာ လူငယ်များမှ မတရားဖမ်းဆီး အကျဉ်းကျ ခံနေရသော မွေးနေ့ရှင်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အတွက် ဂုဏ်ပြုကဗျာများ ကို ရွတ်ဆို ဂုဏ်ပြု ကြပါသည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ တေးသံရှင် ထက်အောင်ရှိုင်းနှင့်အဖွဲ့မှ မွေးနေ့ရှင် ကိုမင်းကိုနိုင် အတွက် ဂုဏ်ပြုရေးဖွဲ့ထားသော တေးသီချင်းများနှင့် သီဆိုဖျော်ဖြေကာ တက်ရောက်လာကြသော လူငယ် များမှ တပျော်တပါး ပူးပေါင်းပါဝင်သီဆိုကြကာ မွေးနေ့ရှင်ကိုယ်စား မွေးနေ့ကိတ်ကိုလှီးဖြတ်၍ မတရား ဖမ်းဆီး အကျဉ်းကျခံနေရသော မွေးနေ့ရှင်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံး လွှတ်မြောက် ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ ကြပါသည်။

ထို့နောက် ယနေ့ ၁၉ရက် ၊ ၁၀လ ၊ ၂၀၀၈ ရက် တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နှင့်တကွ အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် လှုဖွယ်ဝတ္ထုများ ဆက်ကပ် လှုဒန်းကာ မွေးနေ့ရှင်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းကာ ကွာလာလမ်ပူ မြို့ ဒေသ အသီးသီးရှိ မြန်မာလူငယ်များမှ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အတွက် မွေးနေ့ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။




0 comments: