မဟာသန္တိသုခကျောင်းသိမ်းပိုက်မှု ဖြေရှင်းဖို့ ပီနန်ဆရာတော် တောင်းဆို

မဆုမွန် VOA | မဟာသန္တိသုခ ကျောင်းတိုက်ကို အာဏာပိုင်တွေနဲ့ သံဃာတော် တချို့က ညဥ့်နက် သန်းခေါင် အင်အားသုံး ၀င်စီးပြီး ချိတ်ပိတ်လိုက်တဲ့ကိစ္စကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံတော် သံဃာ့နာယက အဖွဲ့ကို အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းပေးဖို့ တောင်းဆိုမယ်လို့ မူလက သာသနာပြု ပီနန်ဆရာတော်ကြီး ဦးပညာဝံသက မိန့်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့လည်း သာသနာရေး ဦးစီးဌာနဘက်က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အသေးစိတ် မဆုမွန် က တင်ပြထားပါတယ်။




အင်္ဂါနေ့ ညဦးပိုင်းမှာ ရန်ကုန်တိုင်း တာမွေမြို့နယ်အတွင်းမှာရှိတဲ့ မဟာသန္တိသုခ ကျောင်းတိုက်ကို ရဲအင်အားသုံး ဝိုင်းပြီးတော့မှ အတွင်းက သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို နိုင်ငံတော် သံဃာ့နာယက အမိန့်နဲ့ ခေါ်ဆောင် သွားခဲ့တာ ဖြစ်ပါတယ်။ သံဃာတော်တွေကို ကမ္ဘာအေး နိုင်ငံတော် သံဃာ့နာယကရုံးကို မဟန ဆရာတော်ကြီးတွေ သြ၀ါဒ ခံယူဖို့ဆိုပြီး ခေါ်ဆောင် သွားခဲ့တာ ဖြစ်ပါတယ်။




အပြည့်အစုံ ဖတ်ရန်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form