မိတ္ထီလာမြို့ အင်ပင်ဝကျေးရွာ (ရွာသစ်)အတွင်း တွင်နေထိုင်ကြသော ရွာသူရွာသားများအား စစ်တပ်မှ ရွာလုံးကျွတ် အတင်း အဓ္မ ပြောင်းရွှေ့ ခိုင်းမှု့

မိတ္ထီလာမြို့ အင်ပင်ဝကျေးရွာ (ရွာသစ်)အတွင်း တွင်နေထိုင်ကြသော ရွာသူရွာသားများအား စစ်တပ်မှ အမြှောက်စက်ပစ်ကွင်း မလွတ်ဟုဆိုကာ (၅.၃.၂၀၁၂)နေ့(၁၂)နာရီနောက်ဆုံးထားရွှေ့ပြောင်းပေးရန်အတွက် သတိပေးထုတ်ပြန်ထားကြောင်းသိရှိရပါသည်။စစ်တပ်အနေဖြင့် ၁၉၉၇ ခုနှစ် ဧပရယ် လောက်မှစတင်ကာအင်ပင်ဝကျေးရွာ (ရွာဟောင်း)အတွင်းရှိရွာသူရွာသားများအား စက်ပစ်ကွင်းနှင့်မလွတ်ဟုဆိုကာရွှေ့ပြောင်းခိုင်းထားပြီး ကျေးရွာသူရွာသားများအနေဖြင့် ပြောင်းရွှေ့နေရာချထားပေးသောရွာသစ်တွင်
တောင်ကျချောင်းရေကြောင်း လူ ၊ နွား များချောင်းရေထဲမျောပါခြင်း လူနှင့် တိရိစ္ဆာန်များအတွက် သောက်သုံးရေ မရှိခြင်း မိမိတို့တောင်ယာလုပ်ကိုင်သောနေရာနှင့် ၁၆ မိုင်ခန့်ကွာဝေးခြင်း သွားလာရခက်ခဲခြင်း သီးနှံစိုက်ပျိုး၍မရခြင်း တို့ကြောင့်မူလဆင်းရဲသထက်ဆင်းရဲကာ ဆိတ် နွား ရွှေငွေအရင်းအနှီးများ ရောင်းချလိုက်ရသဖြင့် ခက်ခဲပေါင်းများစွာဖြင့်ကြုံတွေ့ခဲ့ရသောကြောင့်မူလနေထိုင်သော အင်ပင်ဝကျေးရွာ အနီးသို့ပြန်လည် နေထိုင်ခြင်းပြုခဲ့ကြပြီး ထိုကျးရွာကိုလည်း အင်ပင်ဝကျေးရွာ (ရွာသစ်)ဟုခေါ်တွင်ခဲ့ပါသည် ။ ထိုကျေးရွာသို့ စက်ပစ်ကွင်းနှင့်မလွတ်ဟုဆိုကာယခုတစ်ဖန် ထပ်မံ၍ ပြောင်းရွှေ့ခိုင်းပြန်ပါသည် တစ်ကယ်တမ်းတွင်ကျေးရွာအတွင်းသို့ကျည်ဆံတစ်ချက်မှကျရောက်ခြင်းမရှိသလို မည်သူတစ်ဦးတစ်ယောက် ကျွဲနွားတစ်ကောင်မှလည်း ယနေ့အချိန်ထိ ထိခိုက်ခြင်းမရှိပဲ အတင်းအဓမ္မရွှေ့ပြောင်းခိုင်းခြင်းအတွက် ရွာသားများအနေဖြင့် အဆင့်ဆင့်တင်ပြသော်လည်း ယနေ့အချိန်ထိ ဖြေရှင်းမပေးပဲရှိနေပါသည်။ထိုကျေးရွာတွင် အိမ်ခြေ ၂၅၀ ခန့်ရှိကာ လူဦးရေပေါင်း ၁၅၀၀ ကျော်ခန့်ရှိပါသည် လယ်မြေဧက ရှစ်သောင်းကျော်ရှိပါသည်။ လက်ရှိအချိန်တွင် အရပ်သားအစိုးရတစ်ရပ်အနေဖြင့် ပြောင်းလဲအုပ်ချုပ်နေပြီး ခေတ်ပြောင်းသွားပြီ စနစ်ပြောင်းသွားပြီ အုပ်ချုပ်မှုပုံစံတွေပြောင်းသွားပြီဟုပြောဆိုနေကြသော လွှတ်တော်တွင်းအသံနှင့် ယခုဖြစ်ရပ်သည် လုံးဝဆန့်ကျင်လျှက်ရှိပါသည်။ လက်ရှိအချိန် မြန်မာနိုင်ငံ၏ အနေအထားသည် နိုင်ငံတကာမှစောင့်ကြည့်နေသော အခြေအနေဖြစ်သလို တိုင်းပြည်အတွက် လမ်းဆုံလမ်းခွရောက်နေသောကာလလည်းဖြစ်ပါသည်။လည်းကောင်းကာလတွင် ယခုဖြစ်ရပ်သည်များစွာရုပ်ဆိုးအကျဉ်းတန်လွန်းလှပါသည်။ ယခုအစိုးရသည်အရပ်သားအစိုးရဖြစ်သလို စစ်အာဏာရှင်အုပ်ချုပ်မှုမဟုတ်သော ဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းနေသောအချိန်အခါလည်းဖြစ်ပါသည်။ထို့ကြောင့် လည်းကောင်းကိစ္စရပ်အား အမြန်ဆုံးဆောင်ရွက်ပေးရန် မီဒီယာမှတဆင့် အသိပေးအကြောင်းကြားလိုက်ပါသည် ရွာသူရွာသားများအနေဖြင့်လည်း ထိုနေရာမှရွှေ့ပြောင်းခိုင်းမည့်အစားသတ်ပစ်လိုက်ပါဟုစာအဆင့်ဆင့်တင်ထားသော်လည်း အထက်လူကြီးများအနေဖြင့် မသိကျိုးကျွန်ပြုကာ ဥပက္ခာပြုလျှက်ရှိနေပါသည်။ ထိုကျေးရွာတွင်နေထိုင်သောလူထုအား အိမ်ထောင်စုစာရင်းထုတ်မပေးဟုလည်းကြားသိရပါသည်။ကျေးရွာလူထု၏ အခက်ခဲများကိုအသိအမှတ်ပြုသောအားဖြင့် မူလနေထိုင်သော နေရာ အင်ပင်ဝကျေးရွာ (ရွာသစ်) အား ဆက်လက်နေထိုင်ခွင့်ပြုရန်တင်ပြလိုက်ပါသည်။



အသံဖိုင် အပိုင်း ၁



အသံဖိုင် အပိုင်း ၂


သတင်းပေးပို့သူ ညီလေး
ကောင်းမြတ်ကို အထူးပဲ ကျေးဇူး တင်ရှိပါသည်၊၊

Co2zeиith

ကျနော့ နာမည်က ထွဋ်ကိုကို ၁၄ ၀၈ ၁၀၈၂ စနေနေ့ မနက် ၉ နာရီမှာ လူ့ဘဝ ကို မိတ်ဆက် တ၇် ကျနော်က သာမန်အညတြ လူသား တစ်ယောက်ပါ၊၊ အမျိုးသားရေး အတွက် တိုက်ပွဲဝင်နေသော စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းနေကြသော မည်သည့်အဖွဲ့အစည်းမဆို မည်သည် လူပုဂ္ဂိုလ်မဆို အားလုံးဘက်မှ ကျနော် အမြဲတမ်း ရပ်တည်ပါသည်။ ကျနော့် အကြောင်းက ရင်းနှီးနှီး ပေါင်းကြည့်ရင် သိလာမှာပါ၊၊ ကျနော် ခံယူနားလည် ထားတာက ဒုက္ခဆိုတာ spring နဲ့ တူတယ်၊၊ ကိုယ်ကမာရင် သူကပျော့ သွားလိမ့်မယ် ဒါပေမဲ့ ကိုယ့်မှာ လုံလောက်တဲ့ အင်အားရှိမနေရင်တော့ သူက ပိုပြီးမာနေလိမ့်မယ်၊၊ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဆိုပေမဲ့ သင်ဆိုးလျှင် ကျွန်ုပ် သင့်ထက် ပိုဆိုးတတ်ပါသီ ဆိုဒဲ့ လမ်းမျိုးပဲ ရွေးတတ်တရ်၊၊

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form