ဗုံးခွဲတဲ့ တရားခံကို မိပြီလို့ သတင်း ရပါတယ်။ ရဲသတင်း အထူး တပ်ဖွဲ့ရဲ့ အဆိုအရ ဗုံးခွဲသူ တရားခံဟာ အမျိုးသမီး တဦး ဖြစ်ပြီး အဆိုပါ အမျိုးသမီးဟာ ပဲခူးမြို့ကို ထွက်ခွာမဲ့ မော်တော်ယာဉ်ကို စီးနင်းဖို့ ဆောင့်ဆိုင်း နေစဉ် ဖမ်းဆီး ခံရတာလို့ ဆိုပါတယ်။ အဆိုပါ အမျိုးသမီး ထံမှ ထိုင်းဘတ်ငွေ အမြောက်အများ အပါအဝင် အမေရိကန်ဒေါ်လာ (၃၀၀၀) ကျော်လဲ သိမ်းဆီး ရမိတယ်လို့ ဆိုပါတယ်။
ထူးဆန်းတာက အဆိုပါ အမျိုးသမီးဟာ နိုင်ငံသား စီစစ်ရေး ကဒ် ကိုင်ဆောင်ထားခြင်း မရှိဘဲ အဆိုပါ အမျိုးသမီးထံမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ စည်းရုံးရေးမှူး တာဝန်ခံ ကပ်ပြားတခုသာ သိမ်းဆီး ရမိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရဲသတင်း အထူး တပ်ဖွဲ့ အနေနဲ့ အဖြစ်မှန်ကို ပြည်သူများ အမြန်ဆုံး သိရှိနိုင်ဖို့ ဆက်လက် စုံစမ်း သွားမယ်လို့ သိရပါတယ်။

Tags
သတင်း