ဒီကနေ့
ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့လည် ၁ နာရီခန့်မှာ ဦးတင်ဦး နဲ့
ဒေါက်တာမေဝင်းမြင့်တို့ သာဓု ပရိယတ္တိစာသင်တိုက်သို့ ရောက်လာကြပြီး
ရွှေညဝါဆရာတော်ကို တွေ့ဆုံလျှောက်တင်ပါတယ်။ ဒီကနေ့မနက်က
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးတင်ဦးတို့အပါအဝင် CEC တွေ အစည်းအဝေးထိုင်ဆုံးဖြတ်ပြီးတော့ ဦးတင်ဦးကို ဒီကိစ္စကို ဖြေရှင်းပေးဖို့ လွှတ်လိုက်တယ်လို့ သိရတယ်။ သံဃာ့မဟာနာယကအဖွဲ့ကို NLD အနေနဲ့ မေတ္တာရပ်ခံတောင်းဆိုတဲ့စာတစောင်ကို လက်မှတ်ရေးထိုးပြီး ရေးသားပေးပို့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Tags
သတင်း