Homeသတင်း ဆန္ဒပြသံဃာတော် ငါးပါး မစိုးရိမ်တိုက်ဟောင်းသို့ ရွှေ့ကြပြီ byUnknown •6:40 PM မန္တလေး မဟာမုနိဘုရားကြီး မဟာဗုဒ္ဓ၀င်ဗိမာန်တော်၌ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ဆန္ဒပြတောင်းဆိုနေကြသော သံဃာတော် ငါးပါးသည် ယခုအခါ မစိုးရိမ်တိုက်ဟောင်းသို့ ရွှေ့ပြောင်းနေပြီဖြစ်ကြောင်း သိရသည်။ မစိုးရိမ်တိုက်ဟောင်း ဆရာတော်က .... ဆန္ဒပြတောင်းဆိုနေသော မန္တလေး မဟာမုနိဘုရားကြီး မဟာဗုဒ္ဓ၀င်ဗိမာန်တော်သည် လုံခြုံရေးအရ အာမခံ မရှိသည့်အတွက် မစိုးရိမ်တိုက်ဟောင်းသို့ လိုက်ခဲ့ရန်နှင့် မစိုးရိမ်တိုက်ဟောင်း တောင်ဘက်မုဒ်ကို ဖွင့်ပေးပြီး ဆန္ဒပြသံဃာတော်များ အနေဖြင့် ငြိမ်းချမ်းရေးတရားတော်ကို ဟောပြော၍ရကြောင်း ဆန္ဒပြ သံဃာတော်များအား အာမခံပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။ သတင်း..........Eleven Media Group ဓါတ်ပုံ............ကိုရဲရင့်ကျော်(မန္တလေး) Tags သတင်း Facebook Twitter