အမေ့အိမ်မှ တိုင်းပြည် ချစ်သော လူငယ်များ

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ...

( 28.8.11 ) Beautiful Sunday မှာ အမေ့အိမ် ပညာဒါန ကျောင်းလေးက ကြည်နူး ၀မ်းသာစရာ သတင်း မြင်ကွင်းလေးကို မျှဝေ ပေးလိုက်ပါတယ်။ Myanmar Youth Internet Donation Group ( MYD ) က လူငယ်များ သူတို့ရဲ့  လစာ ၀င်ငွေ လေးတွေကို စုပေါင်းပြီး အမေ့အိမ် စာကြည့်တိုက် အတွက် လိုအပ်နေတဲ့ စာပွဲခုန် နှစ်စုံ၊ စာအုပ်မျိုးစုံ နဲ့ဂျာနယ်မျိုးစုံ တို့ကို လာရောက် လှူဒါန်း သွားခဲ့ ကြပါတယ်။ ကျောင်းကို ရောက်ပြီးမှာ ကလေး တွေကို တွေ့ ပြီး စေတနာ ထပ်မံ ဖြစ်ပေါ် လာလို့ အအေး ဒါန အလှူကိုပါ ထပ်ပြီး လှူဒါန်းသွားကြပါတယ်။ ကလေးငယ်တွေကို မိမိတို့ရဲ့ ညီငယ် ညီမငယ်များလို သဘောထာပြီး ဖြူစင်တဲ့ မေတ္တာတွေနဲ့ နွေးထွေး ကြင်နာစွာ ကိုယ်တိုင် ကိုယ်ကြ အအေး တိုက်ကျွေးခဲ့ကြပါတယ်။

ဒီလို လူငယ်တွေရဲ့ အားလပ်ရက်မှာ မိမိတို့ရဲ့ အချိန်ကို တစ်ကိုယ်ရေ ပျော်ရွှင်မူ အတွက် မသုံးပဲ အများအကြိုး ရှိစေမယ့် ပရဟိတ လုပ်ငန်းတွေမှာ မိမိတို့ တတ်နိုင်တဲ့ ဘက်က ပူးပေါင်း ပါဝင် ဆောင်ရွက် လာကြတဲ့ အတွေးအခေါ်နဲ့ စိတ်ဓါတ်ဟာ ကျနော်တို့  တိုင်းပြည်ကို လူငယ်တွေ ဘယ်လောက် ချစ်ကြောင်း တိုင်းပြည် ပြန်လည် တည်ဆောက်ရေးမှာ ကျရာ အခန်း ကဏ္ဍက ပါဝင် ကူညီ နိုင်ကြောင်းလူငယ်တို့ရဲ့ အခြေခံ စိတ်ဓါတ်ကို ပြသတာပါပဲ။

ရိုသား ဖြူစင်ပြီး ကိုယ်ကြိုးစွန့် အနစ်နာခံကာ တိုင်းပြည်ကို ချစ်သော လူငယ်များအား တိုင်းပြည် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ပါဝင် ခွင့်ပြုခဲ့ပါလျှင် အလွန်ဟန်ချက်ညီသော ဖြစ်ပေါ် တိုးတက်မူများ ရရှိလာလိမ့် မည်ဟု ယုံကြည်လျှက်။

( MYD ) မှ စေတနာရှင် လူငယ်များအား လေးစား ဂုဏ်ပြု အပ်ပါသည်။

ကိုငယ်( ၀၉ ၅၁၆၂၀၆၀ )
အမေ့အိမ် ပညာရေး ကော်မတီ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form