မလေးရှားနိုင်ငံ Kuala Lumpur UNHCR ရုံးမှဒီကနေ့ အဖွဲ့ စည်းအားလုံးအားခေါ်၍ အရေးပေါ် အစည်းဝေးတရပ် ကျင်းပခဲ့ကြောင်းသိရှိရပါသည်၊၊ ထိုအစည်းဝေးနှင့် ပါတ်သက်၍ ကြေငြာချက် တရပ် ထွက်ပေါ် လာပါတယ် ထိုကြေငြာချက်တွင် မလေးရှားနိုင်ငံ UNHCR မှ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုထား ခံရသူ အားလုံး (စာရွက် ကိုင်ဆောင်ထားသူ၊ ကပ်ကိုင်ဆောင် ထားသူ၊ ရီချက် ထိထားသူ) အားလုံး (၃)ရက်အတွင်း မလေးရှာနိုင်ငံ မြို့တော်ကွာလန်ပူမှာရှိတဲ့ လဝကရုံးဆိုက်ရာ PutraJaya ရုံးချုပ်ကြီးသို့ လာရောက်၍ လက်ဗွေနှိပ်ရမည်ဖြစ်ကြောင်းနှင့် (၃)ရက်အတွင်း လက်ဗွေ လာရောက် မနှိပ် သူများအား UNHCR မဟာမင်းကြီးရုံးမှ ဒုက္ခသည် အဖြစ်မှ ပယ်ဖျက်ပြီးဖြစ်ကြောင်း အစည်းဝေးတွင်ပြောကြားပါသည်။ မလေးရှားနိုင်ငံ UNHCR နှင့် မလေးရှား အစိုးရ တစုံတခု ညီနေကြောင်း အစည်းဝေးသို့ တက်ရောက် သူများက သုံးသပ်ပြောကြားကြောင်းလည်း ကြားသိရပါသည်၊၊
Tags
ကြေငြာချက်