ဒေါ်နော်အုန်းလှနှင့် ဦးဝင်းချို ဦးဆောင်သည့် ပြည်သူ အင်အား ၁၀၀ ခန့်ပါဝင်သည့်အဖွဲ့မှ အာဇာနည်ကုန်းရှိရာ အရပ်သို့ မျက်နှာလှည့်ကာ အလေးပြုစဉ် |
အာဇာနည်ကုန်းသို့ ပန်းများ ယူဆောင်ခွင့် မရှိသည့် အတွက် လမ်းပေါ်မှနေ၍ အာဇာနည်ကုန်းသို့ ရည်စူး ကန်တော့ကျစဉ်။(ယင်းအဖွဲ့သည် တာမွေ ပလာဇာတွင် လုံခြုံရေးအဖွဲ့များ၏ တားမြစ်ခြင်း ခံခဲ့ရသည့် အဖွဲ့ဖြစ်သည်။) |
Generation Wave အဖွဲ့ဝင် တစ်ဦးဖြစ်ခဲ့သူHip Hop အဆိုတော် ဇေယျာသော်သည်လည်း ပြည်သူတို့နှင့် ပူးပေါင်းကာ အာဇာနည်ကုန်းသို့ ချီတက်နေစဉ် |
အာဇာနည်ကုန်းပေါ်သို့ တက်ရောက်ရန် စည်းစနစ်ကျစွာ စီတန်းနေကျစဉ်။ |
အာဇာနည်ကုန်းသို့ တက်ရောက်လိုသူများသည် NLD ပါတီမှ တက်ရောက် သူများနှင့် ပူးပေါင်းကာ စီတန်း တက်ရောက် ကျစဉ်။ |
BG သွေးအလှူ အဖွဲ့၏ အာဇာနည်နေ့ လွမ်းသူ့ ပန်းခွေ |
ကျဆုံးလေသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူများမှ သတ်မှတ် ထားသော အချိန်တွင် အလေးပြုစဉ် |
အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုစဉ်၊ ယင်းအချိန် ခဏတွင် ရာသီဥတုမှာ အုံ့မှိုင်းနေကာ၊ ဖြတ်သန်းသွားသော မော်တော်ကား အသီးသီးမှလည်း ဟွန်းများ တီးကာ ဖြတ်သန်း သွားလာကြသည်ကို တွေ့ရှိရသည် |
နံနက် ၁၀နာရီ ၃၇ မိနစ်အချိန်တွင် ကျဆုံးလေသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူနှင့် အတူ အလေးပြုရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ ဗဟို အလုပ်အမှုဆောင်များ ရုံးအပြင်တွင် တန်းစီနေစဉ် |
source by : ဧရာဝတီ ဘလော့ဂ်