ကျွန်မသည် ကြို့ကုန်းနှင့် ဘီအိုစီ မှတ်တိုင်ကြားရှိ နာမည်ကြီး ခရစ်ယာန် ဆေးရုံ ကေဘီစီ (K.B.C) တွင် သမီးလေး တစ်ယောက်ကို ဗိုက်ခွဲ၍ မွေးဖွား ခဲ့ပါသည်။ ကျွန်မ၏ သမီးလေးသည် မွေးဖွားစဉ်က ဘာရောဂါမှ မရှိပဲ ကောင်းကောင်း မွန်မွန် ကျန်းကျန်း မာမာ မွေးဖွား ခဲ့ပါသည်။ သို့သော် ကျွန်မသည် ကလေး မွေးပြီးပြီးချင်း နို့ မထွက်သည့် အတွက် ကလေးကို နို့မှုန့် တိုက်ခဲ့ ရပါသည်။
ထို့နောက် ကျွန်မသည် ပထမဦးဆုံး မီးဖွားခြင်း ဖြစ်၍ ကိစ္စ အ၀၀ကို နားမလည်သဖြင့် နာစ်မ ငှားခဲ့ ရပါသည်း ထိုနက်စ်မ ၏ အမည်မှာ နော်ဖောမူနား ဖြစ်ပါသည်။ ထိုနက်စ်မမှာ ရက်သား ကလေးလေးကို ကိုင်တွယ်ပုံ အရမ်းကြမ်း ပါသည်။ သူ့ကြည့် လိုက်လျှင် အမြဲတမ်း စိတ်ရှုပ် ထွေးပြီး ဒေါသ ထွက်နေပုံနှင့် ကျွန်မ ဘာပြောပြော ဟိန်းဟောက် တတ်ပါသည်။ ကျွန်မလည်း နာစ်အား သိတတ် နားလည်သူမို့ အားကိုး တကြီးနဲ့ ယုံစား မိခဲ့ပါသည်။ ၂ ရက်သား ကလေးအား ရေချိုး ပေးခြင်း။ ဖျားလျှင် အဲကွန်းရှေ့တွင် အ၀တ် တစ်ခုထဲနှင့် အအေးဆုံး တင်၍ ထားခြင်း နို့တိုက်ရာတွင် နို့ဗူး တိုက်ရသည် ဖြစ်၍ လိုအပ်တာထက် ပို၍ တိုက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ကလေးမှာ သီး၍ အန်ထွက်သည်ကို ကျွန်မ ကိုယ်တိုင် သုံးခါ တွေ့ခဲ့ ရပါသည်။ ရက်သား အရွယ် နုနု နယ်နယ် ကလေး ငယ်လေးအား ညလုံးပေါက် အပြင်သို့ ခေါ်ဆောင် သွားခြင်း ကိုလည်း ပြုလုပ် ခဲ့ပါသည်။ ကျွန်မနှင့် မိသားစုများက စိတ်မချ၍ နောက်က လိုက်ကြည့်လျှင်လည်း လုံးဝ မကြိုက်ပါ။ စိတ်ဆိုး ပါသည်။ နက်စ်မ အကိုင်အတွယ် ကြမ်းတာ မဆင်မခြင် လုပ်တာတွေကို ကိုယ်တိုင် မြင်တွေ့ နေရသော်လည်း ပြောပြန်ရင်လည်း စိတ်ဆိုး သွားမယ် ဆိုးသဖြင့် သူလုပ်သမျှကိုသာ အမြဲ စောင့်ကြည့်ရင်း အိပ်ရေးပျက်၊ ပူပင်သောက ရောက်ခဲ့ရပါသည်။
ကျွန်မ၏ သမီးလေး သုံးရက်သား အရောက်တွင် ကျွန်မအား နို့ထွက် စေရန် နို့ထွက်ဆေး ထိုးပေး၍ နို့ထွက် လာသော အခါ ကလေးအား တိုက်ပါသည်။ ကလေးသည် လုံးဝမစို့ပါ။ ထို့ကြောင့် နို့အား ညှစ်ပြီး နို့ဗူးနှင့် တိုက်ခဲ့ ရပါသည်။ ထိုအခါ ကလေးမှာ ၀မ်းသွားပါသည်။ ၀မ်းသွားသည်မှာ ၁၇ ကြိမ် ရှိနေပြီ ဖြစ်၍ ပြောသော အခါ သူမသည် ပေါ့ပေါ့ တန်တန် သဘော ထားပါသည်။ ထိုဆေးရုံတွင် လက်ထောက် ဆရာဝန်များ ရှိသော်လည်း ထိရောက်သည့် ကုသမှုများ လုပ်မပေးပါ ဆေးလဲ မပေးပါ။ လက်ထောက် ဆရာဝန် များသည် ကလေး တစ်ခုခု ဖြစ်လျှင် ကလေး အထူးကု ထံသို့ ဖုန်းဆက် အကြောင်း ကြားပြီးမှ ဘာဆေး တိုက်ဟု ပြောမှ ပေးပါသည်။ ထို့ကြောင့် ထိုဆေးရုံတွင် လက်ထောက် ဆရာဝန်များ ရှိသော်လည်း အသုံး မ၀င်ပါ။ ကလေး၏ ၀မ်းကို ဓာတ်ခွဲ စမ်းသပ်သော အခါ မိခင် နို့နှင့် မတည့်သည့် အတွက် ၀မ်းသွားခြင်း ဖြစ်သည်ဟု အဖြေ ထွက်ပါသည်။ ထို့ကြောင့် မိခင် နို့အား ဆက် မတိုက်ရန်နှင့် Lotose Free(Dumex Gold) နို့မှုန့်ကို တိုက်ရန် ကလေး အထူးကု ဆရာဝန်မှ ဖုန်းဆက် ညွှန်ကြားခြင်း ဖြစ်ပါသည်။ ကလေး အထူးကု ဆရာဝန်မှာ သူ့ နေ့နှင့် သူထိုင်ခြင်း ဖြစ်၍ ကလေး အထူးကု မရှိသည့် ရက်ဖြစ်လျှင် ဖုန်းဆက် အကြောင်းကြား၍ မေးမြန်းရခြင်း ဖြစ်ကြောင်း သိရပါသည်။ ဆရာဝန် တစ်ယောက်သည် အမြင် မရှိပဲ အပြောနဲ့တင် ဆေးကုသလို့ ရပါသလား??? ထို့နောက် ကလေးအား Lotose Free တိုက်သော်လည်း ၀မ်းသွားခြင်းကို မတားဆီး နိုင်ခဲ့ပါ။
လေးရက်သား မြောက်တဲ့ အချိန်ထိ ၀မ်းတွေ ဆက်သွား နေခဲ့ပါသည်။ ၀မ်းသွားနှုန်းမှာ မနက် ည ပေါင်းလိုက်လျှင် တစ်ရက်ကို ဆယ်ကြိမ်ကျော် ပါသည်။ ထိုအချိန်ထိ ထိမိသည့် ကုသမှု လိုအပ်သည့် ဆေး တိုက်ကျွေးခြင်း များကို မပြုလုပ် ပေးခဲ့ပါ။ နို့မှုန့်သာ တိုက်ခိုင်း ထားပြီး ၀မ်းနှင့် ပတ်သတ်သည့် ဆေး တစ်စုံ တစ်ရာမျှ မတိုက်ကျွေးခဲ့ပါ။ အဘယ့်ကြောင့် ဆိုသော် ကလေး အထူးကု ဆရာဝန်ထံမှ ညွှန်ကြားမှု မရ၍ ကလေး အထူးကု ဆရာဝန် မရှိ၍ ဖြစ်ပါသည်။ အကြိမ်ပေါင်း များစွာ ၀မ်းတွေ သွားနေခဲ့ပြီး ဘာဆေးမှ မကုပဲ ဒီအတိုင်း နေလျှင် ရက်ပိုင်းမျှသာ ရှိသေးသည့် ကျွန်မ သမီးလေး မဆိုထားနှင့် လူကြီးပင်လျှင် အသက် အန္တရာယ်နှင့် ရင်ဆိုင် ရနိုင်ပါသည်။ ခံစားရတဲ့ ဝေဒနာများကို နူတ်မှ ဖွင့်ဟ မပြောပြ တတ်သေးသည့် ကျွန်မ ၀မ်းနဲ့ ကိုးလလွယ်ပြီး မွေးခဲ့ရတဲ့ သမီးလေး၏ နာကျင်မှု ဝေဒနာ များကို မည်သူ ကိုယ်ချင်းစာ နိုင်မည်နည်း??? အဘယ့်ကြောင့် အသက် တစ်ချောင်းအား ပေါ့ပေါ့တန်တန် သဘောထား နေကြပါသနည်း???? ထိုနေ့ ညနေတွင် ကုလေး အထူးကု ဆရာဝန် လာ၍ကလေးအား ပြသခဲ့ပါသည်။ နာစ်မ နော်ပေါမူနား၏ မဆင်မခြင် နို့တိုက်မှုကြောင့် နို့သီး၍ အဆုတ်တွင် ဒဏ်ဖြစ်နေခြင်း ၀မ်း အကြိမ်ပေါင်း များစွာ သွားထားခြင်း လိုအပ်သည့် ကုသမှုကို မရရှိခြင်းကြောင့် သမီးလေးမှာ ဖျော့တော့ နေပါပြီ။ ထိုနေ့ ညတွင် ကလေး အထူးကု ဆရာဝန် ညွန်ကြားသည့် ဆေးများ တိုက်ကျွေး ခဲ့သော်လည်း ကျွန်မ၏ သမီးလေး မနက် ၈ နာရီတွင် မလှုပ်တော့ပါ။ လက်ထောက် ဆရာဝန်အား သွားပြသော အခါ ပျူးတူး ပျာတာနှင့် ကလေး အထူးကု ဆရာဝန်ဆီ ဖုန်းဆက် မေးပြီး ညွှန်ကြားချက်အတိုင်း လုပ်ကြသော်လည်း အသက် မမှီတော့ပဲ မနက် ၈ နာရီ ၁၅ မိနစ်တွင် ကွယ်လွန် သွားပါသည်။ ထိုကဲ့သို့
အကယ်၍များ ထိုနေ့ညတွင် ကလေး အထူးကု ဆရာဝန်သာ ကြပ်ကြပ် မတ်မတ် ကုသပေးခဲ့လျှင် အသက်မှီ နိုင်မည်ဟု ထင်ပါသည်။ ကလေးမှာ အားပြတ် နေ၍ အသံတောင် မထွက် နိုင်တော့တာကို ဆေးသွင်း ပေးခြင်း လိုအပ်လျှင် လိုအပ်သလို အလျင်စလို လုပ်ပေးခြင်းများ မပြုလုပ် ပေးခဲ့ပါ။ သူတို့ ပြောပြချက်မှာ လိုအပ်လျှင် လိုအပ်သလို ကလေး အထူးကု ဆရာဝန် ခေါ်ပေးမယ်ဟု ပြောသော်လည်း အရမ်း အရေးကြီးနေတဲ့ အချိန်မှာ ကလေး အထူးကု ဆရာဝန်မသည် ဘယ်လောက် မြန်မြန် လာပါစေ အချိန်မှီ ရောက်နိုင်ပါ့မလား??? ဦးနှောက် မရှိကြဘူးလား??? ထို့ကြောင့် ကျွန်မ ကလေးမှာ မသေသင့်ပဲ သေခဲ့ ရပါသည်။ သေဆုံးခြင်း၏ အဓိက အချက်မှာ နို့သီး၍ အဆုတ်တွင် ဒဏ်ရာ ရပြီး သေဆုံးခြင်း ဖြစ်သည်ဟု အဖြေ ပေးပါသည်။ ထိုအချက်ကို ကြည့်လျှင် နာစ်မ၏ ကြမ်းတမ်းမှု၊ နို့မှုန့်အား မဆင်မခြင် တိုက်ကျွေးမှုကြောင့် သမီးလေးမှာနို့ သီး၍ ဒဏ်ရာရသွားခြင်းဖြစ်သည်ဟု မှတ်ချက်ချ ရပါသည်။ ကျွန်မ၏ သမီးလေးမှာ မွေးကင်းစမှ သေဆုံးသည့် အချိန်ထိ နက်စ်မ၏ စောင့်ရှောက်မှု၊ ကလေး အထူးကု ဆရာဝန်၏ ညွှန်ကြား ကုသမှု၊ ဆေးရုံအုပ်၏ အုပ်ချုပ်မှု အောက်တွင်သာ ရှိနေခဲ့ပါသည်။ ထို့ကြောင့် ကျွန်မ၏ ကလေးကို ထိုဆေးရုံမှ သတ်လိုက်ခြင်း ဖြစ်ပါသည်။
နိဂုံးချုပ် ရလျှင် နက်စ်မ၏ ကြမ်းတမ်းမှု၊ ကလေး အထူးကု ဆရာဝန်မ၏ ညံ့ဖျင်းမှု၊ ဆေးရုံအုပ်၏ အုပ်ချုပ်ရေး ညံ့ဖျင်းမှုများကြောင့် ကျွန်မ သမီးလေး မသေဆုံးသင့်ပဲ သေဆုံးရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မ သမီးလေးလို အပြစ်ကင်းတဲ့ ကလေးတွေ နောက်ထပ် မသေဆုံးစေဖို့၊ သွေးနု သားနုနှင့် ကျွန်မလို အရူး တစ်ပိုင်း မခံစားကြ ရစေဖို့ ကိုယ့် သွေးသားအား အထူး ဂရုပြု စောင့်ရှောက် ကာကွယ် ပေးနိုင်ကြစေဖို့ အတွက် ရည်ရွယ်ပြီး စေတနာ အပြည့် ကိုယ်ချင်းစာနာစိတ် အပြည့်ဖြင့် တင်ပြ လိုက်ပါသည်။

ဖုန်းဆက်၍ ဆေးကုလို့ ရပါသလား?????
ဆရာဝန် လက်မှတ်ကော ရှိရဲ့လား????
တကယ်ရော တတ်ကြရဲ့လား?????
အမှန် တကယ်တွင် သူသည် ကလေး အထူးကု ဆရာဝန် ဖြစ်၍ ကလေးကို စမ်းသပ်ကြည့်လျှင် ဘယ်လို အခြေနေရှိတယ် ဆိုတာ မသိဘူးလား?????
ကျွန်မ သမီးလေးအား ပေါ့ပေါ့တန်တန် သဘောထား၍ ကြည့်ရှုခဲ့တာလား????
အဲဒါလား... ကလေး အထူးကု ဆရာဝန်?????