အော်ရီဂွန်ပြည်နယ်မှ HIV- AIDS ဝေဒနာရှင်များအတွက် ရံပုံငွေဈေးရောင်းပွဲ မှတ်တမ်းဓာတ်ပုံများ



မြန်မာနိုင်ငံအတွင်းရှိ HIV လူနာများအတွက် ရံပုံငွေဈေးရောင်းပွဲကို အော်ရီဂွန်ပြည်နယ် ပေါ့တလန်မြို့ IRCO အားကစားခန်းမတွင် ဇန္နဝါရ်ီလ(၂၂)ရက် နံနက်(၁၀)နာရီမှ ညနေ (၄) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲတော်ကျင်းပမှုကို အော်ရီဂွန်ပြည်နယ်မှ စေတနာရှင် မြန်မာမိသားစုများ၊ ပြည်သူ့ဂုဏ်ရည်ဝိုင်းတော်သားများ၊ အော်ရီဂွန်လူငယ်များမှ တက်ကြွစွာ လုပ်အားပေး ဆောင်ရွက်ကြပြီး မြန်မာမိသားစု(၁၆)စုနှင့် အော်ရီဂွန်လူငယ်များမှ ဈေးဆိုင်များ တည်ခင်းရောင်းချကြပါတယ်။

ဈေးရောင်းပွဲတော်သို့ မြန်မာမိသားစုများနှင့် အမေရိကန်မိတ်ဆွေတချို့လာရောက် အားပေး ခဲ့ကြပါတယ်။ စုစုပေါင်းလူဦးရေ (၃၀၀) ဝန်းကျင် လာရောက်အားပေးခဲ့ကြပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အော်ရီဂွန်ပြည်နယ်ရှိ လူငယ်များကိုပေးပို့သော အမှာစကား ဗွီဒီယိုဖြင့် ပွဲတော်ကို စတင်ဖွင့်လှစ်ကာ ကာရာအိုကေ သီချင်းများသီဆိုခြင်း၊ စုံလင်လှသော မြန်မာ့အစား အစာပေါင်းစုံ တည်ခင်းရောင်းချမှုများကို အားပေးခြင်းများဖြင့် ပွဲတော်ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ပွဲတော်၏ အဆုံးသတ်အစီအစဉ်အဖြစ် အော်ရီဂွန် လူငယ်များမှ Heal the World သီချင်းကို စုပေါင်း သီဆိုခဲ့ကြပါတယ်။

ပွဲတော်တွင် တည်ခင်းရောင်းချမှုမှရရှိသော အလှူငွေစုစုပေါင်းဒေါ်လာ(၂၂၀၀)တိတိကို မြန်မာ ပြည်အတွင်းရှိ HIV ဝေဒနာသည်များအတွက် ပေးပို့လှူဒါန်းသွားမယ်လို့ သိရှိရပါတယ်။


Previous Post Next Post

Contact Form