၂၀၁၀ ရွေးကောက်ပွဲ မတရားမှုများ ဖော်ထုတ်ထားသည့် မှတ်တမ်းတစောင် ထွက်ရှိ

မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုက စုစည်းထုတ်ဝေတဲ့ မတရားဆုံး မတရားမှုများ အမည်ရှိ မှတ်တမ်းတစောင် ဒီကနေ့ ထွက်ပေါ်လာပါတယ်။

နအဖစစ်အစိုးရ ကျင်းပပေးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွင်းက မသမာမှု ၊ တရားမျှတခြင်းကင်းမဲ့မှုတွေကို တွေ့ကြုံခဲ့ရတဲ့ ပြည်သူလူထု ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ ပါတီတွေရဲ့ အတွေ့အကြုံတွေကို သက်သေများနဲ့တကွ စာမျက်နှာ (၈၉) မျက်နှာပါရှိတဲ့ ဒီမှတ်တမ်းမှာ ဖော်ထုတ်တင်ပြထားတာ တွေ့ရပါတယ်။

FDB

source by : ဧရာဝတီ
Previous Post Next Post

Contact Form