UNHCR-Malaysia ရဲ့ လျစ်လျူရှုမှုကြောင့် ဒုက္ခရောက် နေရတဲ့ ကလေးငယ်နှင့်မိခင် (အသံဖိုင်)

ကိုသန်းထွဋ်ခိုင်၏ UNHCR အထောက်အထား စာရွက်

အသံဖိုင်ကို ဒေါင်းလုပ် လုပ်၍ နားထောင်ရန်
from Mediafire
from Fileden
from 4shared
အထက်ပါ အသံဖိုင်မှာ UNHCR-Malaysia ၏ အထောက်အထား မှတ်ပုံတင် စာရွက် ရရှိထားပြီး နှစ်လ နီးပါး ဖမ်းဆီး ခံထားရသည့် ကိုသန်းထွဋ်ခိုင်၏ ဇနီး မဇင်မာခိုင်အား မေးမြန်း ထားသည့် အသံဖိုင် ဖြစ်ပါသည်။ မဇင်မာခိုင်သည် ၄င်း၏ အမျိုးသား အဖမ်းခံရပြီး နောက်ပိုင်း လူမမယ် သားလေး တဦးနှင့် မည်သည့် အလုပ်မှ မလုပ်နိုင်ဘဲ မလေးရှားတွင် ဒုက္ခ ရောက်လျှက် ရှိပါသည်။ UNHCR-Malaysia ရုံးသို့ နှစ်လ အတွင်း သုံးကြိမ် သွားရောက်၍ သူမ၏ အမျိုးသား လွတ်မြောက်ရေး အတွက် အကူအညီ တောင်းခံ ခဲ့ပါသော်လည်း မည်သည့် အကူအညီမှ မရရှိခဲ့ပါ။ (UNHCR-Malaysia သည် ၄င်းနှင့် အကြောင်း အပေါင်းသင့်သော အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ ဖမ်းဆီးခံရပါက တပတ်အတွင်းလွတ်အောင် ဆောင်ရွက် ပေးသော်လည်း ယခုကဲ့သို့ အမှန်တကယ် ဒုက္ခ ရောက်နေ သူများအား လျစ်လျူရှုထားသည့် အဖြစ်အပျက်များ အများအပြား ရှိပါသည်။)

အသံဖိုင်နှင့် ကိုသန်းထွဋ်ခိုင်၏ အချက်အလက်များ အားလုံးကို UNHCR-Malaysia ၏ ဌာန အသီးသီးသို့ ပေးပို့ ထားပြီး ဖြစ်ပါသည်။ UNHCR-Malaysia နှင့်နီးစပ်သူများသည် မဇင်မာခိုင်နှင့် လူမမယ် ကလေးငယ်ကို ကူညီသော အားဖြင့် ၄င်း၏ အမျိုးသား ပြန်လည် လွတ်မြောက် စေရန် အတွက် UNHCR-Malaysia အား အထက်ပါ ကိစ္စကို ထပ်မံ တင်ပြ ပေးကြပါရန် လေးစားစွာ မေတ္တာ ရပ်ခံ အပ်ပါသည်။

Than Htut Khaing သည် ယခု အခါ KLIA Camp, Subang, Malaysia တွင်ဖမ်းဆီး ထိန်းသိမ်း ခံနေရပြီး ၄င်း၏ Camp Body No. မှာ 1668 ဖြစ်ပါသည်။

မဇင်မာခိုင်အား အကူအညီ ပေးလိုသူများနှင့် အဖြစ်အပျက်များကို အသေးစိတ် သိလိုသူများ မောင်ပါလ (017 299 6989) သို့ လည်းကောင်း၊ မဇင်မာခိုင် (012 597 0396) သို့ လည်းကောင်း ဆက်သွယ် မေးမြန်း နိုင်ပါသည်။

source by : နွံ
Previous Post Next Post

Contact Form