GIRI ဆိုင်ကလုန်းမုန်တိုင်း ၂၃-၁၀-၂၀၁၀၊ နံနက် (၀၇) နာရီ (၁၅) မိနစ် အချိန် ထုတ်ပြန်ချက်

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။
မနေ့ ညက Category II ရှိတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီး GIRI ဟာ ညက အရှေ့မြောက်ဖက် ယွန်းယွန်းကို ရွေ့လျားလာရင်းနဲ့ အားလျော့ လာခဲ့ကာ ဒီကနေ့ (၂၃-၁၀-၂၀၁၀) နံနက်(၅)နာရီမှာ မြန်မာ နိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း အတွင်းကို ရောက်ရှိ နေပါတယ်။

(၂၃-၁၀-၂၀၁၀) ရက်နေ့ နံနက် (၅) နာရီ အချိန်မှာ အောက်ပါ အတိုင်း သုံးသပ် ရပါတယ်။ (၁) GIRI ဟာ အားလျော့ သွားခဲ့ပါတယ်။ (၂) ကုန်းတွင်း ကိုလည်း ၀င်ရောက် ခဲ့ပါတယ်။ (၃) ပျက်ပြယ်သွားခြင်း မရှိဘဲ ကုန်းတွင်း မုန်တိုင်းငယ် အဖြစ် ဆက်လက် တည်ရှိ နေပါတယ်။ (၄) မနက်(၅)နာရီမှာ 20.5°N 94.5°E မန္တလေးတိုင်း အလယ်လောက်မှာ ဗဟို ပြုနေပါတယ်။ (၅) လေတိုက်နှုန်း တစ်နာရီ (၃၀-၃၅) မိုင်နှုန်း လောက် တိုက်ခတ်နိုင်ပြီး တစ်ခါတစ်ရံ တစ်နာရီ(၄၀-၄၅) မိုင်နှုန်းလောက် အထိ ရှိနိုင်ပါတယ်။ (၆) အရှေ့မြောက် ယွန်းယွန်းကို ဆက်ရွေ့ရင်းနဲ့ ဒီကနေ့ ညနေလောက် အထိ ဆက်လက် တည်ရှိ နိုင်ပါတယ်။ (၇) တဖြည်းဖြည်း အားလျော့ သွားနိုင် ပါတယ်။ (၈) ရခိုင် ပြည်နယ်မှာ မိုးတိမ်တွေ ရှိနေဆဲ ဖြစ်ပါတယ်။

အဲ.. ကုန်းထဲ ရောက်ပြီး နောက်ထပ် တစ်ရက်လောက် (၂၃-၁၀-၂၀၁၀)ညနေအထိ ရှိနေဦးမှာမို့ ကုန်းတွင်းပိုင်း ဒေသတွေ (မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း)မှာ မိုးတော့ ရွာဦးမယ်လို့ ခန့်မှန်းကြောင်းပါဗျာ။
MCCW
Updated on 23-10-2010 at 06;30 MST)
Previous Post Next Post

Contact Form