စစ်တပ်၏ ပစ်သတ်ခံရသူ အပြစ်မဲ့ လူငယ် ၂ ဦး အသုဘရှူ တရားနာ မိဘများဖိတ်ကြား

မိုးမခ | လက်ခံရရှိတဲ့ လမ်းပြကြယ် အဖွဲ့ အီးမေး အရ စနေနေ့ ညက စစ်တပ်ရဲ့ ပစ်သတ်ခြင်း ခံရသူ အပြစ်မဲ့ လူငယ် ၂ ဦး ရဲ့ အသုဘနဲ့ ဆွမ်းကျွေး ဖိတ်စာကို မိဘများက ထုတ်ပြန် လိုက်ပါတယ်။ ၇ ရက် စက်တင်ဘာ အင်္ဂါနေ့ နေ့ခင်း ၁၂ နာရီမှာ အသုဘရှူ သင်္ဂြိုဟ်ရန် နဲ့ လာမည့် စနေ့နေ့မှာ ရက်လည် ဆွမ်းကျွေး ရန် ပရိသတ်ကို ဖိတ်ကြား ထားပါတယ်။

အကြီးကြည့်ရန် ရုပ်ပုံပေါ် ကလစ်နှိပ်ပါ။

အခု ဗီဒီယို မှတ်တမ်း ကတော့ မီးသဂြိုဟ်တဲ့ နေရာမှာ လူထု ပရိသတ်က မနေ့က သွားရောက် စောင့်ဆိုင်း နေကြတဲ့ မှတ်တမ်း ဖြစ်ပါတယ်။ သည်နေရာမှာ ကြည့်ပါ။

မြန်မာပြည်မှာ ရွေးကောက်ပွဲ ကာလ နီးကပ်လာတာနဲ့ အမျှ စစ်အစိုးရနဲ့ လက်နက်ကိုင် တပ်မတော်ရဲ့ အကြမ်း ဖက်မှု၊ ရန်စမှုတွေ ဥပဒေမဲ့ မင်းမဲ့စရိုက် ပြူမူမှုတွေ ပိုမို တိုးပွားလာတဲ့ ပြယုဒ်တခု ဖြစ်တယ် လို့ ဆိုပါတယ်။
Previous Post Next Post

Contact Form