အိန္ဒိယ နိုင်ငံရောက် မြန်မာ စစ်ခေါင်းဆောင် နှင့် ဇနီး ဓာတ်ပုံ - AFP |
FNG | အိန္ဒိယနိုင်ငံသို့ မြန်မာ စစ်ခေါင်းဆောင် အလည်အပတ် ရောက်ရှိ နေစဉ် အတွင်း နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ အကြီး တန်း အရာ ရှိ တစ်ချို့က အာဏာသိမ်းရန် နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အား ရာထူးမှ ဖယ်ရှား ရန် ကြိုးစားမှု များ ရှိ ခဲ့သော် လည်း အောင်မြင် မှု မရှိ ခဲ့ကြောင်း Freedom News Group မှ စုံစမ်း သိရှိ ရသည်။
အိန္ဒိယနိုင်ငံ ကို ခြောက်နှစ် အတွင်း ဒုတိယ အကြိမ်မြောက် အလည်အပတ် ခရီးစဉ် အဖြစ် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အဖွဲ့ ရောက်ရှိ နေစဉ် နေပြည်တော် တိုင်း စစ်ဌာနချုပ်မှ အရာရှိ အချို့က ဦးဆောင်ပြီး အာဏာသိမ်းရန် ကြိုးစား ခဲ့သော် လည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး က သဘော မတူသောကြောင့် အထ မ မြောက် ဖြစ်ခဲ့ရသည် ဟု ကာကွယ်ရေး ၀န်ကြီး ဌာ န (နေပြည်တော် ) မှ အရာရှိ တစ်ဦးက Freedom News Group သို့ ပြောကြားသည်။
အိန္ဒိယနိုင်ငံ ကို ခြောက်နှစ် အတွင်း ဒုတိယ အကြိမ်မြောက် အလည်အပတ် ခရီးစဉ် အဖြစ် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အဖွဲ့ ရောက်ရှိ နေစဉ် နေပြည်တော် တိုင်း စစ်ဌာနချုပ်မှ အရာရှိ အချို့က ဦးဆောင်ပြီး အာဏာသိမ်းရန် ကြိုးစား ခဲ့သော် လည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး က သဘော မတူသောကြောင့် အထ မ မြောက် ဖြစ်ခဲ့ရသည် ဟု ကာကွယ်ရေး ၀န်ကြီး ဌာ န (နေပြည်တော် ) မှ အရာရှိ တစ်ဦးက Freedom News Group သို့ ပြောကြားသည်။
ယမန်နေ့ မှ စပြီး နေပြည်တော်ရှိ အရေးကြီး နေရာ အချို့တွင် လုံခြုံရေးများ တင်းကျပ် ထားပြီး ၀န်ကြီးဌာန ဖုန်း အချို့ မှာ မူ ဖြတ်တောက် ထားခြင်း ခံရသည်။ ရန်ကုန် မြို့တွင်မူ နေပြည်တော် တွင် အာဏာသိမ်းသည့် သတင်းကြောင့် အမေရိကန် ဒေါ်လာ ဈေးနှုန်း နှင့် ကုန်ဈေးနှုန်းများ တက်သွားပြီး ညဘက်တွင်လည်း လူသူ သွားလာမှု များ တိတ်ဆိတ် ခြောက်ကပ် သွားသည်။
နေပြည်တော် ၏ လက်ရှိ အရေးပေါ် အမိန့် ပေးကွပ်မှု ကို ဒု-ဗိုလ်ချုပ်မှုးကြီး မောင်အေး အမိန့် ဖြင့် သီဟသူရ တင်အောင်မြင့်ဦး နှင့် ဗိုလ်ချုပ် ဝေလွင် တို့က ကိုင်တွယ်သည် ဟု သတင်း ရရှိသည်။ စစ်တိုင်းမှုးများ အားလုံးမှာ ဂြိုလ်တုန်း ဖုန်းဖြင့် အိန္ဒိယ ရောက် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အား သတင်းပို့ရသည်။
မြန်မာ စစ်ခေါင်းဆောင်သည် အိန္ဒိယ နိုင်ငံသို့ ရောက်ရှိစဉ် နာမည်ကျော် အိန္ဒိယ ဝေဒပညာရှင် ဖြစ်သူ ချန်ဒရာ ဒေ၀ီ နှင့် တွေ့ဆုံ ခဲ့သည်။ ခရီးစဉ် အတွင်း အိန္ဒိယ သမ္မတ နှင့် ၀န်ကြီးချုပ် တို့  နှင့် တွေ့ ဆုံခဲ့သည်။ အိန္ဒိယ ဘင်္ဂလားဒေရှ် နှင့် ပါကစ္စတန် ခေါင်းဆောင်များ မြန်မာနိုင်ငံ သို့ လာရောက် လည်ပတ်သည့် အခါတိုင်း ၎င်းတို့၏ ပါတော်မူ ဘုရင် ဖြစ်သူ ဇဘားရှား ၏ အုတ်ဂူ ရှိရာ ရန်ကုန်မြို့ ဇီဝက လမ်းသို့ လာရောက် ဂါရ၀ပြု သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ မြန်မာ ဘုရင် သီပေါမင်း၏ အုတ်ဂူအား သွားရောက် ဂါရ၀ ပြုခြင်း မရှိ ဟု သတင်း ရရှိသည်။
နေပြည်တော် တွင် အာဏာသိမ်းမှု နှင့် ပတ်သက်ပြီး ရန်ကုန်မြို့မှ စစ်အရာရှိ တစ်ဦးကမူ ဒါတွေက ဆိုက်ဝါးလည်း ဖြစ်နိုင်တယ်။ အာဏာသိမ်းမှု ဖြစ်မှာဆိုးလို့ တန်ပြန်တာနဲ့ သူတပ်ကို ဘယ်လောက် ပိုင်လဲ ဆိုတာမျိုး ဘယ်သူမှ မလှန်နိုင်ဘူး ဆိုတာ မျိုး ပြချင်တာ ဖြစ်နိုင်တယ်ဟု သုံးသပ်သည်။
လက်ရှိ အာဏာသိမ်းရန် ကြံစည်မှု သည် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တစ်ဦးတည်း ကိုသာ ရာထူးမှ ဖယ်ရှားရန် ကြိုးစားခြင်း ဖြစ်ပြီး ဒီမိုကရေစီရေးသို့ ပြောင်းလဲသည့် ခြေလှမ်းမျိုး မဟုတ်ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အဖွဲ့သည် ယနေ့ ညနေတွင် မြန်မာနိုင်ငံ နေပြည်တော်သို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။
Freedom News Group သည် အာဏာသိမ်းရန် ကြိုးစားသူများ အား ဆက်လက် သိရှိ နိုင်ရန် သတင်း စုံစမ်းဆဲ ဖြစ်သည်။
source by : FREENDON NEWS GROUP