FP(Foreign Policy) မဂ္ဂဇင်းမှ ကမ္ဘာ ဖျက်နေသော လူတစု အမည်ဖြင့် ထုက်ဝေသော ယ္ခု မဂ္ဂဇင်းတွင် The Worst of the Worst: Bad dude dictators and general coconut heads ခေါင်းစဉ်ဖြင့် ခေါင်းဆောင် ဆိုးများနှင့် အုန်းသီးခေါင်း ဗိုလ်ချုပ်(၂၃)ဦး စာရင်းတွင် မြန်မာ နိုင်ငံက နံပါတ်(၃)ချိတ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်း ဖေါ်ပြရာတွင် အာဏာကို(၁၈)နှစ်ကြာ ထိန်းသိမ်း ထားသော အကြင်နာ ကင်းမဲ့သော အုန်းသီးခေါင်း ဗိုလ်ချုပ် တဦး ဖြစ်ပြီး အတိုက်အခံ အမြောက်အများကို ဖမ်းဆီး ထိန်းသိမ်းကာ အာဏာ တည်မြဲစေသူ ဖြစ်ပြီး မိမိ လူမျိုး အပေါ်တွင် လူသားခြင်း စာနာထောက်ထားမှု ကင်းမဲ့ကာ ကယ်ဆယ်ရေး လုပ်ငန်းများကို ပျက်ကွက် ခဲ့စေသူ တဦး ဖြစ်ကြောင်း ဓါတ်ငွေ့နှင့် သယံဇာတများကို မှောင်ခို ဈေးကွက်ထုက် ရောင်းချ ခိုးဝှက်နေသူ၊ မိမိကိုယ်ကို မိမိ ဆု တံဆိပ်တွေ ချီးမြှင့်ကာ စစ်အင်အား တိုးမြှင့်နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တည်ကြည် ဖြောင့်မှတ်မှု ကင်းမဲ့သည့်အရာ၌ မျက်နှာပြောင်လှသူ ဖြစ်ကြောင်း ရေးသား ထားသည်။