FNG | မြန်မာ့ ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် အား နိုင်ငံတ၀ှမ်းတွင် ယမန်နေ့ မှ စ၍ ဆင်နွှဲကြရာ ယခင် မြို့ တော်ဟောင်း ရန်ကုန် သည် အစည်ကားဆုံး ဖြစ်သည်ဟု နာမည်ကျော် ရက်(ပ) အဆိုတော် တစ်ဦးက Freedom News Group သို့ ပြောသည်။
လွန်ခဲ့သည့် နှစ်တွေ ထက် ယခုနှစ် သည် ထင်မှတ်ထားခြင်း မရှိ လောက်အောင် ပိုမိုစည်ကားမှုရှိကြောင်း ရန်ကုန် မြို့မှ သတင်းထောက် တစ်ဦးကလည်း ပြောသည်။ သူက ထိုကဲ့သို့ စည်ကားရခြင်း မှာ ရေ၊မီး ပြတ်လပ်နေသော ရန်ကုန်မြို့ခံတို့ အတွက် စိတ်ထွက်ပေါက် ဖြစ်သည် ဟု သုံးသပ်သည်။

ယနေ့ အကျနေ့တွင် လည်ပတ်ကျသူ များ မှာ ကန်တော် ကြီး ကန်ပတ် လမ်း နှင့် ကန်တော်လေး ဘက်တွင် တိုးမပေါက်အောင် ရှိသည်ဟု သိရသည်။
စီးပွားရေး လုပ်ငန်းရှင်များအား မဏ္ဍပ် များ အတင်းအကျပ် ဆောက်လုပ်ခိုင်းသည့် နေပြည်တော်သင်္ကြန်သည် ထင်သလောက် စည်ကားမှုမရှိဟု သိရသည်။
ဒုတိယနေ့ သင်္ကြန် အကျနေ့ထိ ရန်ကုန် မြို့ တွင် ယာဉ်တိုက်မှုများ နည်းပါး၍ အသေအပျောက် မရှိဟု သိရသည်။ သင်္ကြန်ကာ လအတွင်း အဆိုတော် သားစိုး၏ ဘူးသီး နုနု မခူးရ သီချင်း သည် လည်း အလွန်ပေါက်၍ မဏ္ဍပ်များက ထို သီချင်းဖွင့်ချိန် တွင် လူငယ်များက ဘူးသီး ဘူးသီးဖြင့် လိုက်လံ အော်ဟစ်ကြသည် ဟု သိရသည်။
သင်္ကြန် ကာလအတွင်း ခရီးသည်တင် ကားများ ဈေးနှုန်း အပြောင်းအလဲ ရှိသော်လည်း မြို့ စွန်များ မှ ပြည်သူများမှာ လမ်းလျှောက်၍ လည်ကြသည်။
မဏ္ဍပ် နှင့် ရေပက်ခံ ထွက်သူများမှာ စစ်အစိုးရ ထုတ်ပြန်ထားသည့် စည်းကမ်းချက် ၃၉ ချက် အား တစ်ခုမှ လိုက်နာမှု မရှိဟု သိရသည်။
ပြည်လမ်း နေရွှေသွေးအောင် မဏ္ဍပ်ရှိရာတွင် လုံခြုံရေးများ ထူထပ်စွာ ချထားပြီး ရေပက်ခံ လာသော မော်တော်ယာဉ်များသည် အယောက် လေးဆယ်ခန့် ရှိသည့် ယဉ်ထိန်းရဲတို့ ပြသသည့် လမ်းအတိုင်း စည်ကမ်းရှိစွာဖြင့် ၀င်ရောက်ရသည် ဟု သိရသည်။
source by : FREEDOM NEWS GROUP