ဒီနေ့ မနက် ၉ နာရီမှ စတင်ပါတယ် ဖျော်ဖြေရေး နဲ့ ကျန်တာက တော့ ပုံမှန် အခမ်းအနား ကျင်းပပါတယ်။ "လွတ်လပ်မှု ရှိမှ ဒီမိုကရေစီ ရရှိမည်" ဆိုတဲ့ ခေါင်းစဉ် နဲ့ စကားရည်လုပွဲ ကျင်းပပါတယ်။ ဗိုလ်လုပွဲရောက် ရန်ကုန်တိုင်း(က) အသင်းမှ အဆိုတင်သွင်း၍ ပဲခူးတိုင်းမှ အချေတင် သွင်းပါတယ်။ ထို့နောက် ပြဇာတ်တို ကပါတယ် ပြဇာတ် ခေါင်းစဉ်အား ကြွရောက် လာတဲ့ ပြည်သူများ အဖွဲ့ဝင်များ ပရိတ်သတ်များမှ သတ်မှတ်ရမှာ ဖြစ်ပြီး ပြဇာတ်နဲ့ ကိုက်ညီတဲ့ ခေါင်းစဉ်ကို ရွေးချယ်ပြီး ဆုပေးမှာ ဖြစ်ပါတယ်။ ထို ဆုကို ၆ ရက်နေ့ ရုံးတွင် ကြေငြာပါမယ်။ ထိုနောက် ဆုပေးပွဲ ကျင်းပ ပါတယ် ။ စကားရည် လုပွဲတွင် ပဲခူးတိုင်းမှ ပထမ ရန်ကုန် တိုင်းမှ ဒုတိယ နောက် နှစ်သိမ့်ဆု များလည်း ချီးမြှင့်ပါသည်။ ထို့နောက် ဖျော်ဖြေရေး အဖွဲ့အား ဂုဏ်ပြု ချီးမြှင့်ခြင်း ၊ အိုးစည် နှင့် အက သမားများအား ဂုဏ်ပြု ချီးမြှင်ခြင်း များပြုလုပ်၍ အခမ်းအနားကို ၃ နာရီ ခန့်တွင် အောင်မြင်စွာ ရုတ်သိမ်း လိုက်ပါတယ်။