ရန်ကုန်မြို့တွင် နေကြတ်နေသည့် မြင်ကွင်း (ဓာတ်ပုံများ-မိုးမခ) |
မိုးမခအထောက်တော် | ၂၀၁၀ နှစ်သစ်သို့ စတင် ၀င်ရောက်ပြီး ၁၅ ရက် အကြာတွင် နေကြတ်သည့် အဖြစ်အပျက်ကို ကမ္ဘာ့ နေရာ ဒေသ အတော်များများမှ မြင်တွေ့ရသည့် နည်းတူ ရန်ကုန်မြို့ နေသူများလည်း မြင်တွေ့ခဲ့ကြရသည်။
![]() နေကြတ်ခြင်းကို အရောင်ပါသည့် မှန်ပြားကာပြီး ရိုက်ကူးထားသည့်ပုံ (နေ့လယ် ၂း ၅၅ နာရီ) |
မွန်းလွဲ ၃နာရီ ၀န်းကျင်တွင် ကြတ်နေသည့် နေလုံးအား လဆန်း သုံးလေးရက် လသဏ္ဌာန် မြင်တွေ့သည်။ ထို့နောက် တိမ်များ ဖုံးအုပ်ပြီး ပြန်ထွက်ပေါ်လာသည့် အခါ လခြမ်းကွေး သဏ္ဌာန်ဖြင့် မိနစ် အတန်ကြာ မြင်တွေ့ခဲ့ရသည်။
ရန်ကုန်မြို့မှ အစိုးရ ၀န်ထမ်းတဦးကို နေကြတ်သည့် အဖြစ်နှင့် မြန်မာ့နိုင်ငံရေး ဆက်စပ်မှုကို မေးမြန်းကြည့်ရာတွင် “နေကြတ်တာကြောင့် ၂၀၁၀ မြန်မာနိုင်ငံမှာ ဘာတွေကောင်းလာမယ် မကောင်းလာဘူးတော့ မသိဘူး၊ ရွေးကောက်ပွဲ လုပ်ကောလုပ်မှာလားလို့ သံသယရှိမိတယ်” ဟု ပြောဆိုသည်။
နေကြတ်ခြင်းအား နိမိတ်ကောင်းသည့် ဖြစ်ရပ်ဟု ရှုမြင်သူများ မတွေ့ရသလောက် ဖြစ်နေသည်။ ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပမည် ဆိုသော်လည်း ယခုအချိန်ထိ ရွေးကောက်ပွဲ ဥပဒေ ထွက်ရှိမလာသေးသည့် အတွက် လူအများက နအဖ အစိုးရ၏ လုပ်ရပ်အပေါ် သံသယ ၀င်လျက်ရှိကြသည်။
![]() ဗိုလ်တထောင်ဘုရားရင်ပြင်ပေါ်တွင် နေကြတ်ခြင်းကို စိတ်ဝင်တစား လေ့လာနေသူတဦး |