မြန်မာ့အရေး ဆွေးနွေးပွဲ ကော်မတီ အဖွဲ့ဝင်များ အကြောင်း

ယခုနှစ် နိုဝင်ဘာလ အတွင်းက ဖွဲ့စည်းခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီကို ၈၈ ကျောင်းသားများလို့ ဆိုနေကြသူတွေ ဖြစ်တဲ့ သိန်းဌေး၊ သောင်းဝင်း၊ မင်းလွင်နှင့် သိန်းတင်အောင် တို့ ပါဝင်တဲ့ (၅) ဦး ကော်မတီ ကနေ ဖွဲ့ ထားတာ ဖြစ်ပါတယ်။ ဒီကော်မီတီဟာ နအဖရဲ့ ကျောထောက် နောက်ခံမှုတွေနဲ့ နအဖရဲ့၂၀၁၀ ရွေးကောက်ပွဲ နီးလာချိန်မှာ ပြည်သူတွေကို မျက်စိ လှည့်ဖို့ အတွက် လုပ်ဆောင်လာကြပါတယ်။

ဒီလို လုပ်ဆောင် လာကြသူတွေရဲ့  နောက်ခံ သမိုင်းကြောင်းကို ကြည့်ရင် ဘာမှ ထိထိ ရောက်ရောက် လုပ်ဆောင်ခဲ့တာ မရှိဘဲ နောက်ပိုင်းမှာ အာဏာရှင် အလိုကျ လုပ်ရပ်တွေကိုသာ ပံ့ပိုး ဆောင်ရွက် နေတာ တွေ့ မြင်ရပါတယ်။

ယခုအချိန်မှာတော့ နအဖရဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အတွက် နအဖကနေ ကလိမ်ကကျစ် ကျစွာနဲ့ ပြည်သူ အပေါ် လှည့်ဖြားမယ့် အလုပ်တွေကို အကောင်အထည် ဖေါ်ဖို့ ဒီလို လူမျိုးတွေကို အသုံးချ ပါတော့တယ်။

ပြည်သူတွေ အနေနဲ့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ဒီလိုလူမျိုးတွေ အကြောင်း သိထားမှသာ နအဖက ဘယ်လို လှည့်ဖြား ပုံမှား ရိုက်တယ်၊ ဒီလိုလူတွေက နအဖ ဆန့်ကျင် တော်လှန်ရေးနဲ့ ကျောင်းသား လှုပ်ရှားမှုတွေ ကျောင်းသား အဖွဲ့ အမည်တွေကို ခုတုံးလုပ် အသုံးချပြီး ပြည်သူကို မျက်စိ လည်အောင် လှည့်ဖြားတယ် အယုံသွင်းဖို့ လုပ်နေကြတယ် ဆိုတာ သေသေချာချာ တွေ့မြင် ရမှာပါ။

ဖြိုးမင်းသိန်း။

သူကတော့ သန်လျှင် မြို့တွင် နေထိုင်ပြီး ၁၉၈၈ ခုနှစ်တုန်းက လူ့ဘောင်သစ် ပါတီနှင့် ဗကသ အဖွဲ့ဝင် တစ်ယောက်ဖြစ်ပြီး ၁၉၉၀ ခုနှစ်မှာ အောက်မြန်မာ နိုင်ငံ ဗကသ အဖွဲ့ရဲ့ အတွင်းရေးမှူး တာဝန် ယူခဲ့သည်။ ၁၉၉၁ ခုနှစ်မှာ ဒေါ်ချိုချိုကျော်ငြိမ်း၊ ရွှေထီး တို့နှင့် လက်တွဲ၍ လှုပ်ရှားပြီး အာဏာရှင်မှ ဖမ်းဆီးမှုကြောင့် ထောင် (ရ) နှစ်ကျခဲ့တယ်။

၁၉၉၅ ခုနှစ်မှာ တောင်ငူ ထောင်တွင်းမှာ ထောင်မှု ထပ်တိုး ခံရပြီး ၂၀၀၀ ခုနှစ်မှာ တောင်ငူ ထောင်ကနေ မြောင်းမြ ရွှေ့ပြောင်း ခံရကာ ၂၀၀၅ ခုနှစ် ဇူလိုင် (၆) ရက်နေ့၌ ပြန်လည် လွတ်မြောက် လာပြီး စီးပွားရေးသာ လုပ်နေခဲ့သာ လုပ်နေခဲ့တယ်။

သိန်းဌေး။

၁၉၈၈ ခုနှစ်မှာ ဗကသအဖွဲ့ ဝင် ဖြစ်ခဲ့ပြီး အာဏာ သိမ်းချိန် ကာလာတွင် နယ်စပ်ကို တောခိုခဲ့တယ်။ ဒါပေမယ့် ၁၉၈၈ ခုနှစ် နိုဝင်ဘာ (၁) ရက်နေ့မှာ ကိုလှအောင်ဆိုသူနှင့် အတူ နအဖထံ ပြန်လည် ၀င်ရောက် လာခဲ့တယ်။

၁၉၈၉ ခုနှစ်မှာ နယ်စပ်သို့ တောခိုရာမှ ပြည်တွင်း ပြန်ဝင်ခဲ့ကြသောသူများ စုစည်းပြီး ဖွဲ့ကြတဲ့ တိုက်ပွဲ ကော်မတီ ဖွဲ့စဉ်မှာ ပါခဲ့သော်လည်း နောက်ပိုင်းတွင် စီးပွားရေးသမား အဖြစ်သာ စီးပွားရေး လုပ်နေခဲ့တယ်။ အနော်ရထာ လမ်းမပေါ်တွင် လျှပ်စစ် ပစ္စည်းဆိုင် ဖွင့်၍ စီးပွားရေး လုပ်နေခဲ့ပါတယ်။

၂၀၀၉ ခုနှစ်တွင် မြန်မာပြည် အပေါ် အနောက် နိုင်ငံများမှ စီးပွားရေး ပိတ်ဆို့မှုအား ဆန့်ကျင်သည့် ကင်ပိန်း တခု ကို ပြုလုပ်ခဲ့တယ်။ အေးလွင်တို့  လုပ်သလိုမျိုး နအဖကို ပိတ်ဆို့ ထားတဲ့  စီးပွားရေး ပိတ်ဆို့မှု တွေကို ကန့်ကွက်ပြနေတာပါ။

မင်းလွင်။

၁၉၈၈ ခုနှစ်မှာ နယ်စပ်ကို တောခိုပြီး မယ်တော်ကျောင်း (၁၃၅) ယောက် အုပ်စုတွင် ပါဝင်ပြီးနောက်မှာ ၁၉၈၈ ခုနှစ်မှာ ပြည်တွင်းသို့ ပြန်ဝင် ခဲ့တယ်။ ၁၉၈၉ ခုနှစ်မှာ သိန်းဌေးနှင့်အတူ တော်တွင်းပြန် တိုက်ပွဲ ကော်မတီတွင် ပါခဲ့ပြီး နောက်ပိုင်းတွင် ဘာမှမလုပ်တော့ဘဲ ရခိုင် ပြည်နယ်ဘက်တွင် ရေလုပ်ငန်း ကုမ္မဏီ တခု၌ ၀င်ရောက် လုပ်နေခဲ့ပါတယ်။

သောင်းဝင်း။

၁၉၉၆ ခုနှစ်မှာ ထောင်ကျပြီး ၂၀၀၂ ခုနှစ်တွင် မြောင်းမြထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့ပြီး ရန်ကုန်မြို့  မြောက်ဒဂုံမှာ နေထိုင်တယ်။ ထောင်ကနေ လွတ်လာပြီးနောက် နအဖ ထောက်လှမ်းရေးအား သတင်းပေးနေသူ အဖြစ် ကျော်ကြားနေသူ ဖြစ်ပါတယ်။

သိန်းတင်အောင်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ဘူးတယ်လို့  ဆိုပေမယ့် အေးလွင်တို့နှင့် တွဲဘက်ကာ မြန်မာပြည် အပေါ် အနောက် နိုင်ငံများမှ စီးပွားရေး ပိတ်ဆို့မှုအား ဆန့်ကျင်သော ကင်ပိန်းတွေကို ပါဝင် လုပ်ဆောင်ခဲ့တယ်။ အဆိုပါ အေးလွင်တို့  လုပ်ရပ်များမှာ လုပ်ဆောင်ရင်း နအဖကနေ ပံ့ပိုးပေးတဲ့ ထောက်ပံ့မှု ဝေစုများ အဝေ မတည့် ဖြစ်ကြပြီး မကျေမနပ်ဖြစ်ကာ အေးလွင် အဖွဲ့မှ နုတ်ထွက်ပြီး ယခုအခါ ဦးသုဝေ ပါတီတွင် ၀င်ရောက် နေပါတယ်။

ဒီနောက်မှာတော့ ၂၀၀၉ ခုနှစ်မှာ - ကျောင်းသား အမည်ခံပြီး ၈၈ တုန်းက ဗိုလ်ခင်ညွန့်တို့နဲ့ ပူးပေါင်းသွားတဲ့ ဖောက်ပြန်ရေး သမား ဘီဘီစီ ကိုကိုလတ်နှင့် တွဲကာ မြန်မာပြည် အပေါ် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုအား ဆန့်ကျင်တဲ့ ကင်ပိန်းတွေကို ထပ်မံ ပြုလုပ်ခဲ့တယ်။

ဒီလူတွေရဲ့ နောက်ခံ သမိုင်းတွေနဲ့  လုပ်ရပ်တွေကို ကြည့်ရင် အခု သူတို့ထွင်ပြီး လုပ်လာတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ ကော်မတီ ဆိုတာဟာ နအဖနဲ့ လက်ဝါးရိုက် အကွက်ဆင်ကာ နအဖ အလိုကျဖြစ်ရေး နအဖရဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို အားပေး အားမြှောက် ပြုနေတဲ့ လုပ်ရပ်မှန်း ပေါ်လွင် နေပါတယ်။

ပြည်သူတွေ အနေနဲ့ ဒီလို ၈၈ အမည်ခံပြီး မရိုးသားသော နိုင်ငံရေး လှည့်ကစားနေတဲ့ လှည့်ဖြားနေတဲ့ လုပ်ရပ်တွေကို သတိထားကြဖို့  တိုက်တွန်းလိုက်ရပါတယ်။

ကိုးကား ။ ။ သတင်းပေးပို့သော မိတ်ဆွေ နှင့် ကိုနစ်နေမန်း တို့အား ကျေးဇူး တင်ရှိပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form