နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ဖို့ ဆုတောင်းပွဲ

၅.၁၂.၂၀၀၉ မြောက်ဒဂုံ ၄၉ ရပ်ကွက် ဘုရင့်နောင်လမ်း အိမ်အမှတ် ၁၃၀၈ မှာ အင်္ဂါ မိသားစုမှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဘုန်းကြီး ငါးပါး ဆွမ်းကပ်တယ် ဒေါ်စု အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ဖို့ ဆုတောင်းပွဲအား အစီအစဉ် (၇) ရပ်နဲ့ ကျင်းပပြီး၊ ယင်း အစီအစဉ်အား ဦးဝင်းတင် ဦးအုန်းမောင်၊ သခင်ဖေသန်း၊ ဦးချို၊ ဖျာပုံ နီလုံဦး စသည်တို့ တတ်ရောက်ကြပြီး၊ တခြား အင်အားစု တွေလည်း တက်ရောက် ကြတယ်ဟု သိရပါသည်။

ကျင်းပချိန် အား မနက် ၉ နာရီ ကနေ ၁၂ နာရီ လို့ သတ်မှတ် ထားပေမယ့် ၁၂ နာရီကျော်မှ ပွဲပြီးပါတယ်။ အစီအစဉ် တွေကတော့ ဘုန်းကြီး ဆွမ်းကပ်တာရယ် ကဗျာရွတ်တာရယ် ဦးဝင်းတင်က သြ၀ါဒ စကားပြောတာရယ် ထောင်အတွေ့အကြုံပောာတာရယ် ဦးအုန်းမောင်ကလည်း ထောင်အတွေ့အကြုံ ပြောတာရယ် နောက်ကျပြီးမှရောက်လာတဲ့ လူတွေကို ကျေးဇူးတင် စကားပြောတာရယ် အခမ်းအနား ပြီးဆုံးကြောင်း ကြေညာ တာရယ်ပေါ့ ၊ နောက်ထမင်းကျွေးတယ် အကြွေးအမွေး အစီအစဉ်၌ ချဉ်ရည်ဟင်းရယ် ငါးသလောက်ပေါင်းရယ် ငါးပိချက်ရယ် သရက်ချဉ် သုတ်ရယ် ကျွေးမွေး ဧည့်ခံပြီး အိမ်ရှေ့နဲ့ အိမ် မရောက်ခင် လမ်းမှာ ဓာတ်ပုံရိုက် သတင်းယူနေတဲ့ SB နဲ့ ကြံဖွတ်တွေ အများကြီးပါပဲဟု သတင်းပေးပို့ပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form