ဖခင် လွတ်မြောက်ရေး အတွက် သားဖိုးဉာဏ်ရဲ့ ဆုတောင်းပွဲ

အကြီးကြည့်ရန် ရုပ်ပုံပေါ် ကလစ်နှိပ်ပါ။

အကျဉ်းသား ဝတ်စုံ အပြာရောင်နှင့်
တွေ့ရသော ဇနီး မအေးအေးသက်နှင့်
သားဖိုးဉာဏ်

သားဖိုးဉာဏ်ရဲ့မေတ္တာ ရပ်ခံချက်

အဖေအတွက် ရည်စူးပြီး
ငှက်လွှတ်ရန် ပြင်နေသည့်
သားဖိုးဉာဏ်

အပြာရောင် ဝတ်စုံနှင့် သားဖိုးဉာဏ်

ဖိတ်ကြား ထားသည့် ပြည်သူ

အကျဉ်းသားမိသားစုများ
မိထ္ထိလာထောင်၌ ထောင်ဒဏ်(၁၉)နှစ် ကျခံနေရသော အင်းစိန်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်၊ တွဲဖက် တာဝန်ခံ(၁)၊ ကိုထွန်းထွန်းနိုင် (ခ) ဖိုးဉာဏ် အမြန်ဆုံး လွတ်မြောက်ရေး အတွက် ဇနီးမအေးအေးသက်နှင့် သားဖြစ်သူ ဖိုးဉာဏ် တို့သည် အမှတ်(၁၇) ဗောဓိ ညောင်ပင်လမ်း၊ ဖော့ကန် ရပ်ကွက်၊ အင်းစိန်မြို့နယ် နေအိမ်၌ ယနေ့(၂၇.၁၂.၀၉)နေ့ နံနက်တွင် ပင့်သံဃာတော်ငါးပါးအား-

အာရုံဆွမ်း ဆက်ကပ်၍ နိုင်ငံရေး အကျဉ်းသား အရေတွက်တိုင်း ဝထ္ထုငွေ ၂၂၀၀ိ ကျပ်၊ အပြာရောင် မျက်နှာသုတ် ပုဝါတို့ ဆက်ကပ် လှူဒါန်းပြီး ကိုထွန်းထွန်းနိုင်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ဖို့ ဆုတောင်း ခဲ့သည်။ ဇနီးနှင့်သားမှ အကျဉ်းသား ဝတ်စုံ အရောင် ဖြစ်သည့် အပြာရောင် ဝတ်ဆင်၍ ဆုတောင်းခြင်းကိုပြုလုပ်ခဲ့သည့် ဟု သိရသည်။

ဆုတောင်းပွဲသို့ ဖိတ်ကြား ထားသည့် ရပ်ကွက် ပြည်သူများ၊ အကျဉ်းသား မိသားစုများနှင့် နိုင်ငံရေး မိတ်ဆွေများ တက်ရောက် ကြသည်။ ဧည့်ပရိတ်သတ်များကို ကြက်သား ပလာတာဖြင့် ဧည့်ခံခဲ့သည်ဟု သိရသည်။

ပေးပို့သူ မိတ်ဆွေ တစ်ဦးအား ကျေးဇူးတင်ပါသည်။

1 Comments

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form