Christmas နီးလာ ပြန်ပြီနော်။ Christmas ပြီးပြန်တော့ new year လေ ။ တစ်နှစ် ကုန်ပြန်ပြီပေါ့။ နောက်နှစ်ရောက်ပြီ ဆိုရင် ပဲ လွတ်လပ်ရေးနေ့ ကို ကြုံရပြီ ပေါ့နော်။ ပထမ ကဗျာလေးကတော့ လွတ်လပ်ရေး အတွက် တိုက်ပွဲ ၀င်တဲ့ ကဗျာလေးပါ။ ဟိုရှေး ယခင် အရှင်များနဲ့ ၊ ကိုယ့်ထီး ကိုယ့်နန်း ရွှင်လန်းပျော် ကျူးကျော် ရန်ရှာ မိစ္ဆာများကြောင့်၊ တိုင်းတစ်ပါးအောက် ရောက်ခဲ့ သနော်။ အမေကျော်ကာ ဒွေးတော် မလွမ်းနဲ့ ၊ တို့ပြည် တစ်ဝှမ်း သာလို့မော် ။ ပထွေးကိုနော် အဖေ မမှတ်နဲ့ ၊ အသဲမှာ ဆက်ဆက် မှတ်ထားနော် ။ တို့ ဘိုးဘွားတွေ တိုက်ခဲ့ပေးလို့ ၊ လွတ်လပ်ရေးဟာ ရခဲ့သနော်။ တိုင်းကျော် ပြည်ကျော် ဆင်ယှဉ်နွှဲလို့ ၊ ပျော်ပွဲ ရွှင်ပွဲ ခြိမ့်သဲပျော် ။ မှန်းမျှော် ရည်ကာ လွတ်လပ်ရေးနေ့ ၊ ကမ္ဘာ တည်သရွှေ့ မေ့မရသနော် ။ မေ့မရသနော် မေ့မရသနော်။ ။ ။ ဒီကဗျာ လေးကတော့ လွတ်လပ်ရေး ရပြီး တိုင်းရင်းသားတွေ ပျော်နေကြတဲ့ ကဗျာလေး ပါနော် ဆောင်းနှင်း မြူတို့ မှုန်ကာမှိုင်း ၊ နယ်ချဲ့ ရှစ်ခွင်တိုင်း ။ ရပ်တိုင်း ရွာတိုင်း နွှဲပျော်ရွှင် ၊ အိုးစည် ဒိုးပတ်လွင် ။ လွတ်လပ် သဘင် ဆင်ယဉ်နွှဲ၊ အောင်လံ လေမှာဝဲ ။ လက်တွဲ ညီကြ သားချင်းတွေ ၊ လွတ်လပ်ရေး အမွေ ။ ဇန္န၀ါရီ ၄ ၇က်နေ့ ၊ တစ်သက် တို့ မမေ့။ အလေးပြုပါပေ့ ။ ဒီကဗျာလေး ၂ပုဒ်နဲ့ လွတ်လပ်ရေးကို ရယူပေး ခဲ့သော ဗိုလ်ချုပ် အောင်းဆန်းနှင့် တကွ ၊ ကျဆုံး လေပြီးသော အာဇာနည်း ခေါင်းဆောင် ကြီးများအား အလေးပြုပါ၏ .....။ မေးလ်ထဲသို့ ရောက်ရှိလာသော ကဗျာအား ပြန်လည်မျှဝေပါသည်။ ပေးပို့သော ကျွန်တော့် မိတ်ဆွေအား ကျေးဇူတင်ရှိပါကြောင်း... |