ကျွန်တော်/မ တို့သည် ကြေးမုံ သတင်းစာ တိုက်တွင် တာဝန် ထမ်းဆောင် နေကြသူများ ဖြစ်ကြပါသည်။
ယခုနှစ်တွင် ကြေးမုံ သတင်းစာတိုက် အပါအ၀င်၊ အခြားသော သတင်းစာ တိုက်များပါ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ရပါသည်။ သို့ရာတွင် ကြေးမုံသတင်းစာတိုက်တွင် ပြောင်းရွှေ့မိန့် ရရှိထားကြသော ရုံးအုပ်နှင့် တာန်ရှိသူများသည် မန်နေဂျာ၊ အခြားပိုင်ရာ ဆိုင်ရာများနှင့် ပူးပေါင်းကာ ရန်ကုန် အထိုင်အနေဖြင့် ကျန်ရစ်ခဲ့ကြပါသည်။ အခြား သတင်းစာတိုက်များ သည် ရာထူးကြီးငယ် မဟူ အားလုံး ပြောင်းရွှေ့ ကြပါသည်။ကြေးမုံ သတင်းစာတိုက်တွင် အမှန်တကယ် တာဝန်ရှိ(ရာထူးကြီး)သော သူများ မပါဝင်ပဲ လူငယ်၊ အောက်ခြေ ၀န်ထမ်းများသာ ပြောင်းရွှေ့ခဲ့ရပါသည်။ အလျည်းသင့် သူများကိုသာ ရွှေ့/ပြောင်း လုပ်နေပါသည်။ ထို့အပြင် ကြော်ငြာ ဌာန နှင့်တကွ ဖြန့်ချီရေး စသော၊ဌာနတို့မှာလည်း မန်နေဂျာနှင့် အလျည်း သင့်သူများသာ တာဝန်ချထား ခံနေရပါသည်။ ယခု နေပြည်တော်သို့ ရောက်ရှိ ရာတွင်လည်း အဆောင်နှင့် အဆောင်ထမင်/းဟင်းများအား ၀င်ရောက်ကြီးကြပ်မှူ မရှိခြင်းကြောင့်၊ အဆောင် ထမင်း/ဟင်းမှာ စီစဉ် ချက်ပြုတ်မှု ညံ့ဖျင်း လှပါသည်။
သို့ဖြစ်ပါ သောကြောင့် မန်နေဂျာနှင့်တကွ တာဝန်ရှိသူ လူကြီးများ၏ စီမံ ညံ့ဖျင်းမှု ကြောင့် အောက်ခြေ ၀န်ထမ်းများ ထိခိုက် နစ်နာ နေကြရသည်ကို အရေးယူ ဆောင်ရွက်ပေးပါရန် we ခွပ်ဒေါင်းမြေ မှ တဆင့် လေးစားစွာတင်ပြအပ်ပါသည်။
ဝန်ထမ်းများ