လက်ရှိ နအဖ စစ်အာဏာရှင် ကျဆုံး ဖယ်ရှားဖို့ အတွက် တော်လှန် နေသော တော်လှန်ရေး ညီကို မောင်နှမများ ခင်ဗျား-
၈-၁၁-၀၉ ရက်နေ့ ည ၁၂ နာရိခန့်တွင် လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့နှင့် မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ချုပ်မှ အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ် ရေဥက္ကံ ကျေးရွာ ရှိ ရဲကင်း ၊ ကျန်စစ်သား အိမ်ရာ ဆိုင်းဘုတ်၊ ဗစ်တိုးရီးယား စတိုး ဆိုင်းဘုတ် များနှင့် ပန်းလှိုင် ဂေါက်ကွင်း ခြံစည်းရိုး အုပ်ရိုး တို့တွင် ပို့စကဒ်များ ကပ်ခြင်း၊ ကြေငြာချက်များ ကပ်ခြင်းနှင့် GAB=TBM=FBF စာသားများ ရေးသားခြင်း လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပါသည်။ ထပ်မံပြီး -9.11.2009 ရက်နေ့ည ကြည့်မြင်တိုင် မြို့နယ် သီရိမင်္ဂလာဈေး အတွင်း လှုပ်ရှားမှု အဖြစ် ပို့စကဒ် များအား ပြည်သူလူထု အတွင်း ဖြန့်ဝေခြင်း ဈေးအတွင်းရှိ နံရံများ ဈေးတာဝန်ခံ ရုံးနံရံများ တံခါးများ ဆိုင်းဘုတ်များတွင် မြေသြဇာ အဖွဲ့ဝင်များမှ လှုပ်ရှားမှုများပြုလုပ် ခဲ့ကြပါသည်။