မိဘမဲ့ ဘ၀ ဖြစ်ချင်လိုက်တာ....

၁၉ ရက်နေ့ ည ၇ နာရီချိန်ခန့်တွင် လှည်းကူး မြို့နယ် မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ် ကိုမင်းနိုင်ကို လှည်းကူးရဲ ရကတ/၃၅၇၅၁ တပ်ကြပ် ဝေဖြိုးဦးမှ ရန်ကုန်-ပဲခူးလမ်း ထောက်ကြန့်က ဆံပင်ညှပ်ဆိုင်ရှေ့တွင် NLD က မင်းနိုင် ဆိုတာ မင်းလား ဟုမေးရာ ကိုမင်းနိုင်မှ မင်းတို့က ရဲပဲ သိမှာ ပေါ့ကွာဟု ပြန်လည် ပြောဆို ရာတွင် NLD ကို ရဲက ရိုက်တယ်ကွာဟု ဆိုကာ မျက်နှာကို ဖိနပ်နဲ့ ၆ ချက် ၇ ချက်ခန့် ရိုက်မှု ဖြစ်ပွားခဲ့သည်။ အမှု ဖွင့်ထားတယ် ရိုက်မှု ဆိုတဲ့ အတွက် ဆေးစစ်ချက် သွားယူ ရတယ် မျက်နှာ အရိုက် ခံရတာကို သွေးရော ဆီးရော စစ်တယ် မူးနေတယ်လို့ ပြန်ဂွင်ဆင် နိုင်တယ် ရိုက်တဲ့ ရဲက မူးနေတယ် အရိုက်ခံရတဲ့ မင်းနိုင်က နားအူ နေလို့ နားဆေးရုံက ဆေးစစ်ချက် ထပ်၍သွားယူ နေရတယ်။ ။

အတိုက်အခံ ဆိုတာလည်း ပြည်သူ ပါပဲ မှားရင် ထောက်ပြ အမှန်တွေ့ရင် မမှန်ဘူး ပြောရဲတာ အတိုက်အခံ (ပြည်သူ) ပါပဲ။    ။
ပြည်သူ့ ရဲ ဆိုတာ အဲ့လို လုပ်လို့ ရလား ပြည်သူကို ကာကွယ်ဖို့လား နှိပ်စက်ဖို့လား။    ။ ဒီလို ပြည်သူ တွေကို အစိုးရ အဖွဲ့အစည်းတွေက နှိပ်စက် ညှင်းပန်းနေတာကို သိသိနဲ့ပဲ မသိချင်ယောင် ဆောင်နေတာလား တကယ် မသိတာလားလို့ မေးချင်လိုက်တာ
ဗိုလ်ချုပ်မှူးကြီးရယ်။        ။ မိဘ လို အုပ်ချုပ်တယ် တဲ့လား ပေါရိသာဒ လို မိဘ မျိုးလား ကွယ်။    ။တပ်မတော်သာ အမိ တပ်မတော်သာ အဖ တဲ့လား ကျွန်တော် မိဘမဲ့ ဖြစ်ချင် လိုက်တာ။    ။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form