တန်ဆောင်တိုင် လပြည့်နေ့ က သန်လျင်မြို့မှ လှုပ်ရှားမှု

ဓါတ်ပုံများပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။
ဒီဓါတ်ပုံတွေက တန်ဆောင်တိုင် လပြည့်နေ့က သန်လျင် ကျိုက်ခေါက် ဘုရားမှာ ကျောင်းသားတွေ ဖွဲ့စည်းထားတဲ့ အင်္ဂါ အသင်းက သစ်သီးဆွမ်း အတွက် ပုံဖော်ထားတဲ့ သစ်သီးတွေပါ။ အဲဒီမှာ ဗိုလ်ချုပ် အောင်ဆန်း ပုံကို ဖရဲသီးမှာ ထွင်းပြီး သစ်သီးစင်မှာ တင်ထားလို့ အင်္ဂါ အသင်း တာဝန်ရှိသူတွေကို သက်ဆိုင်ရာက နှစ်ရက် ခေါ်စစ် ပါတယ်။ စရဖ နဲ့ SB ခရက အဖွဲ့တွေကပါ။ 2010 ပုံကို လည်း ဆီမီးထွန်း ပါတယ်။ ဗိုလ်ချုပ်ပုံ ထွင်းထားတဲ့ သစ်သီး ကိုလည်း ချက်ချင်း စွန့်ခိုင်းပါတယ်။ ဗိုလ်ချုပ် ပုံတောင် ဒီလောက် ကြောက်နေတယ် ။ ဗိုလ်ချုပ်သာ သေရွာက ထ လာရင် ဘယ်လို နေမလည်း မသိဘူး။ မနက်ခင်း စတုဒီသာ ကျွေးတဲ့ ပုံလေးတွေပါ။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form